မန်ယူအသင်းဟာ ပရီးမီးယားလိဂ်(၂)ပွဲဆက် ပင်နယ်တီ လွဲချော်ခဲ့မှုကြောင့် နည်းပြဆိုးလ်ရှားရဲ့ ပင်နယ်တီ ကန်သွင်းသူရွေးချယ်မှုအပေါ် ဝေဖန်မှုတွေ ရှိနေပေမယ့် ဆိုးလ်ရှားကတော့ လွဲချော်မှုတွေနဲ့ ပတ်သတ်လို့ စိုးရိမ် ပူပန်မှု မရှိပဲ ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုလို့ပဲ သဘောထားကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

(AP Photo/Alastair Grant)

ခရစ်စတယ်ပဲလေ့စ်ကို (၁-၂)ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ မန်ယူအသင်းဟာ ပင်နယ်တီအခွင့်အရေး ရရှိခဲ့ပေမယ့် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ ကန်သွင်းမှုဟာ တိုင်ထိထွက်ခဲ့ပြီး ဂိုးမ၀င်ခဲ့ပါဘူး။ မန်ယူအသင်းဟာ ၀ုလ်ဗ်နဲ့ပွဲမှာလည်း ပင်နယ်တီရခဲ့ပေမယ့် ကွင်းလယ်လူ ပေါ့ဘာရဲ့ ပင်နယ်တီကန်ချက်ကို ၀ုလ်ဗ်ဂိုးသမား ပက် ထရီစီယို ကာကွယ်နိုင်ခဲ့ပါတယ်။

(AP Photo/Rui Vieira)

ဆိုးလ်ရှားက “ (၂)ပွဲဆက် ပင်နယ်တီရတယ်။ (၂)ပွဲစလုံးမှာ ၀င်အောင် မကန်နိုင်ခဲ့ပါဘူး။ ဒါဘောလုံးလောက ထဲမှာ ဖြစ်နေကျပါ။ ကျွန်တော် ကိုယ်တိုင်တောင် ပင်နယ်တီတွေ လွဲခဲ့ဖူးတာပဲ။ ဘာမှ စိုးရိမ်စရာ မလိုပါဘူး” ဆိုပြီး BBC နဲ့ ပြုလုပ်ခဲ့တဲ့ ပွဲပြီး အင်တာဗျူးမှာ ပြောသွားခဲ့တာပါ။

(AP Photo/Alastair Grant)

အသင်းရဲ့ တိုက်စစ်ကစားပုံကို ကျေနပ်အားရမှုရှိသလို လက်ရှိပုံစံအတိုင်းသာ ပွဲတိုင်း ကစားနိုင်ခဲ့ရင် ပင်နယ် တီတွေ ပိုမိုရရှိဖို့ သေချာနေကြောင်း၊ ထပ်မံရရှိမယ့် ပင်နယ်တီကိုလည်း မန်ယူအသင်းသားတွေ အကောင်းဆုံး အဆုံးသတ်နိုင်မယ်လို့ ယုံကြည်ကြောင်း ဆိုလ်းရှားက ထပ်မံပြောကြားခဲ့ပါတယ်။ မန်ယူအသင်းဟာ ပရီးမီယား လိဂ်(၃)ပွဲဆက် ပင်နယ်တီရရှိခဲ့ပေမယ့် ပင်နယ်တီ(၃)ကြိမ်မှာ (၁)ကြိမ်သာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

Finn

READ  သြဂုတ်လ(၁၁)ရက်နေ့အတွက် နောက်ဆုံးရ အားကစားသတင်းများ