မေဂျာလိဂ်ကလပ် အယ်လ်အေ ဂလက်ဆီအသင်းမှာ ခြေစွမ်းပြပြီး ဂိုးတွေသွင်းနေတဲ့ အသက်(၃၇)နှစ်အရွယ် တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျက မန်ယူအသင်းသာ သူ့ကို အလိုရှိတယ်ဆိုပြီး ကမ်းလှမ်းခဲ့ရင်တော့ အသင်း ဟောင်း မန်ယူကို ပြန်လည်ပြောင်းရွှေ့ဖို့အတွက် စိတ်ဝင်စားကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြောခဲ့ပါ တယ်။

သောကြာနေ့ညက ပြုလုပ်ခဲ့တဲ့ ဆောက်သမ်တန်-မန်ယူ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေက မန်ယူ နည်းပြဆိုးလ်ရှားကို မိုဗစ်ခ်ျရဲ့ ပြောကြားချက်နဲ့ ပတ်သတ်ပြီး မေးမြန်းခဲ့ကြပါတယ်။ ဆိုးလ်ရှားက မိုဗစ်ခ်ျသာ မန်ယူကိုပြန်လာဖို့ အမှန်တကယ် စိတ်ဆန္ဒပြင်းပြနေတယ်ဆိုရင် သူ့ဆီအချိန်မရွေး ဖုန်းဆက်နိုင်ကြောင်း ပြောခဲ့ပါတယ်။

“ဇလာတန်(အီဘရာဟီမိုဗစ်ခ်ျ)ဟာ မန်ယူအသင်းအတွက် အကောင်းဆုံးပေးဆပ်ခဲ့သူပါ။ ကံမကောင်းစွာနဲ့ပဲ ဒဏ်ရာပြဿနာ ကြောင့် အသင်းနဲ့ လမ်းခွဲခဲ့ရပါတယ်။ ကျွန်တော့် အိမ်လိပ်စာနဲ့ ဖုန်းနံပါတ်ကို ဇလာတန် သိပါတယ်။ သူသာ မန်ယူကို အမှန်တကယ် ပြန်လာချင်စိတ်ရှိခဲ့ရင် အချိန်မရွေး ကျွန်တော့်ဆီ ဖုန်းဆက်နိုင်ပါတယ်”

 

“ဒါပေမယ့် မန်ယူကို ဇလာတန် ပြန်ရောက်လာမယ်လို့ ကျွန်တော်တော့ မထင်ပါဘူး။ ဇလာတန်က အယ်လ်အေ ဂလက်ဆီအတွက် အရေးပါတဲ့ ကစားသမားဖြစ်နေလို့ပါ” ဆိုပြီး ဆိုးလ်ရှားက ဖွင့်ဟခဲ့တာပါ။

မိုဗစ်ခ်ျဟာ မန်ယူအသင်းမှာ ကစားခဲ့တုန်းက ပြိုင်ပွဲစုံ (၄၆)ပွဲမှာ (၂၈)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ခြေစွမ်းပြ နိုင်ခဲ့ပါတယ်။ ကံဆိုးစွာနဲ့ပဲ (၂၀၁၆-၁၇)ဘောလုံးရာသီက အန်ဒါလက်ခ်ျနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင် နယ်ပွဲမှာ ဒူးဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့တာပါ။ ဒဏ်ရာကြောင့် အနားယူနေရတဲ့ အချိန်တွေမှာ ဇလာတန် အီဘရာဟီမိုဗစ်ခ်ျဟာ မန်ယူအသင်းက ပေးတဲ့ လစာငွေကို လက်ခံဖို့ ငြင်းဆန်ပယ်ချခဲ့ပါတယ်။ (၂၀၁၇-၁၈)ရာသီအစမှာ မန်ယူနဲ့ လမ်းခွဲခဲ့ပေမယ့် ဒုတိယရာသီဝက်မှာတော့ မန်ယူကို ပြန်လည်ရောက်ရှိလာပြီး (၅)လကြာ ကစားပေးခဲ့ပါတယ်။

Finn

READ  သင်သိပါသလား! သင်ဟာဂျော်ဂျင်ဟိုရဲ့အမေလောက်တောင် ဘောလုံးစကေးမကောင်းဘူးဆိုတာ