EA Sports ရဲ့ FIFA, NBA, UFC စတဲ့ ဂိမ်းတွေကို ကစားဖူးသူတွေအနေနဲ့ ဂိမ်းထဲမှာ ကိုယ့်စိတ်ကြိုက်ကစားသမားတဦးကို ပုံဖော်ပြီး ကစားဖူးကြမှာပါ။

easports.com

ဘောလုံးဂိမ်းကစားသူအတော်များများကတော့ ဂိမ်းထွက်ချိန်မှာ ပါမလာသေးတဲ့ လူငယ်ကစားသမားတွေကို ကိုယ်တိုင်ဖန်တီးပြီး ကစားတတ်ကြသလို၊ တချို့ကလည်း ကိုယ့်နာမည်နဲ့ ကစားသမားတဦးကို ဖန်တီးပြီး ကစားတတ်ကြပါတယ်။ ဒီလိုပါပဲ တချို့နိုင်ငံတွေက ဘက်စကတ်ဘော၊ ဘေ့စ်ဘော၊ UFC စတဲ့ ဂိမ်မာတွေကလည်း ဒီလိုဖန်တီးပြီး ဆော့တတ်ကြပါတယ်။

youtube.com

အခုတော့ UFC ဂိမ်မာတဦးက ဂိမ်းထဲမှာ မက်ဆီ နဲ့ ရော်နယ်လ်ဒို တို့ကိုဖန်တီးပြီး Octagon Ring ထဲကို ထည့်လိုက်ပါလေရဲ့။ လက်ရှိဘောလုံးလောကမှာ ဘယ်သူအကောင်းဆုံးလဲဆိုပြီး ပရိသတ်တွေကြား အမြဲတမ်းအငြင်းပွားနေမှုကို သူက ဘာမှမဆိုင်တဲ့ UFC Ring ထဲအထိပါ ခေါ်သွားတာဖြစ်ပြီး ဒီပွဲမှာ ဒိုင်ပွဲရပ်နဲ့ ကစားသမားတဦးက အနိုင်ရသွားတာကိုလည်း တွေ့ရမှာပါ။

 

အပျော်သက်သက်လုပ်ထားတဲ့ ဒီဗီဒီယိုနဲ့ ပတ်သက်ပြီး အင်တာနက်ပေါ်မှာတော့ ဟာသသဘောနဲ့ ဝေမျှကြသူတွေရှိသလို၊ အငြင်းပွားကြသူတွေလည်း ထုံးစံအတိုင်း ရှိနေကြပါတယ်။

 

Ko Puccy
Source: B/R Report, Sportbibl

READ  စက်တင်ဘာ(၂၂)ရက်အတွက် နောက်ဆုံးရအားကစားသတင်းများ