မန်ချက်စတာယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်အသင်းကို (၁-၀)ဂိုးနဲ့ ရှုံးနိမ့်ပြီး လက်ရှိမှာ အဆင့်(၁၂)နေရာမှာ ရပ်တည်နေပါတယ်။

 

လက်ရှိမန်ချက်စတာယူနိုက်တက်အသင်းမှာ ဒဏ်ရာရကစားသမားတွေများနေသလို၊ ပွဲထွက်ခွင့်ရတဲ့ကစားသမားတွေရဲ့ ခြေစွမ်းကလည်း အတော့်ကို စိတ်ပျက်စရာကောင်းနေတာပါ။ ဒီထဲမှာမှ ပရိသတ်တွေရဲ့ အပြစ်တင်ခြင်းကို အများဆုံးခံနေရတဲ့ကစားသမားကတော့ ကွင်းလယ်လူ ဖရက်ဒ်ပါပဲ။

ရှက်တာဒိုးနက်အသင်းကနေ ပေါင် (၅၂)သန်းနဲ့ရောက်ရှိလာခဲ့တဲ့ ဘရာဇီးလ်ကွင်းလယ်လူ ဖရက်ဒ်ဟာ မန်ယူနိုက်တက်ကွင်းလယ်မှာ ဖန်တီးနိုင်မှုလုံးဝမရှိဘဲ၊ ဘောလုံးကို တောင်ပံတွေကိုသာ ဖြန့်လေ့ရှိတဲ့ သူရဲ့ကစားပုံကြောင့် အခုလို ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုလည်း မမှားပါဘူး။ ဖရက်ဒ်ဟာ မန်ယူနိုက်တက်အသင်းမှာ ကွင်းလယ်ကနေ တိုက်စစ်ကို တိုက်ရိုက်ပေးပို့မှု ပြုလုပ်ခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလို့ သင်ထင်ပါသလဲ…

ဖရက်ဒ် နောက်ဆုံးအကြိမ် တိုက်စစ်ကို တိုက်ရိုက်ပေးပို့မှုပြုလုပ်ခဲ့တာ ပြီးခဲ့တဲ့ ဧပြီလတုန်းကပါတဲ့။ တိတိကျကျပြောရရင်တော့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ဖြစ်တဲ့ ဘာစီလိုနာနဲ့ပွဲမှာဖြစ်ပါတယ်။ အဲဒီပွဲမှာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဆီကို တိုက်ရိုက်ပေးပို့မှုပြုလုပ်ခဲ့တာဖြစ်ပြီး ထုံးစံအတိုင်း သူ့ရဲ့ ပေးပို့မှုက များသွားခဲ့ပြီး ဂိုးသမား တာစတီဂန်ဆီကို ရောက်သွားခဲ့ပါတယ်။ အဲဒီဘောလုံးကို ရက်ရှ်ဖို့ဒ်ကရအောင်ကြိုးစားရင်း ဘောလုံးကို အနည်းငယ်ထိမိသွားခဲ့တာကြောင့် ဖရက်ဒ်ရဲ့ ပေးပို့မှုက အောင်မြင်တယ် ဆိုတဲ့ ရလဒ်ကို ရရှိခဲ့ပေမဲ့ တကယ်ကတော့ အသင်းအတွက် အကျိုးမရှိခဲ့ပါဘူး။

ဖရက်ဒ်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ဘောလုံးပေးပို့မှု အောင်မြင်မှုက (၈၆.၅)ရာခိုင်နှုန်းရှိပြီး မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနားဆိုရင် အောင်မြင်မှုနှုန်း (၈၄)ရာခိုင်နှုန်းပဲရှိတာပါ။ ဒါပေမဲ့ အဓိကပေးပို့မှု (တိုက်စစ်ပေးပို့မှု)ကတော့ ဒီဘရိုင်းနားဟာ တပွဲမှာ ပျမ်းမျှ (၄.၁)ကြိမ်ပြုလုပ်နိုင်ပြီး ဖရက်ဒ်က တပွဲပျမ်းမျှ (၀.၈)ကြိမ်သာ လုပ်နိုင်တာကိုကြည့်ရင် ဖရက်ဒ်အနေနဲ့ ကွင်းလယ်မှာ ဘယ်လောက်အထိ တိုးတက်ဖို့ကြိုးစားရဦးမယ်ဆိုတာ ပေါ်လွင်နေပါတယ်။

 

Ko Puccy
Source: Sportbible, Mirror, Twitter

READ  ပေါင်(၈၉)သန်းတန် ပေးပို့မှုလို့ ချီးကျူးခံနေရတဲ့ ပေါ့ဂ်ဘာရဲ့ဂိုးဖန်တီးမှု