ဘရာဇီးလ်ပြည်တွင်းဖူဆယ်လ်လိဂ်ရဲ့ ပွဲစဉ်တပွဲမှာ ကစားသမားတဦးဟာ ကရာတေးကစ်နဲ့အကန်ခံလိုက်ရပြီးနောက် ကွင်းထဲမှာ မေ့မျောသွားခဲ့ပါတယ်။
ကိုရင်သီယန်အသင်းနဲ့ ဆန်ကားလို့စ်အသင်းတို့ပွဲမှာ ကိုရင်သီယန်ကစားသမား ဖာနန်ဒင်ဟိုဟာ အခုလိုဖျက်ထုတ်ခံလိုက်ရပြီး မေ့မျောသွားခဲ့တာပါ။ သူ့ကိုဖျက်ထုတ်ခဲ့သူကတော့ ဆန်ကားလို့စ်ကစားသမား ဘာတယ်လ်ဟာဖြစ်ပြီး သူဟာလည်း အနီကတ်အပြခံခဲ့ရပါတယ်။
ဖာနန်ဒင်ဟိုဟာ မျက်နှာကိုအကန်ခံလိုက်ရပြီးနောက်မှာ သတိမေ့သွားခဲ့ပြီး သူ့ကိုဆေးရုံကို ချက်ချင်းခေါ်သွားခဲ့ရတယ်လို့ သိရပါတယ်။ ဘရာဇီးလ်ပြည်တွင်းမီဒီယာတွေက ‘၂၁ ရာစုနဲ့ အဆိုးရွားဆုံးဖျက်ထုတ်မှု’လို့ နာမည်တတ်ခဲ့ကြတဲ့ ဘာတယ်လ်ဟာရဲ့ ဖျက်ထုတ်မှုကို ကိုယ်တိုင်ပဲကြည့်ရှုပြီး ဝေဖန်ကြပါဦး…
Desejamos uma boa recuperação ao Fernandinho jogador da Intelli de São Carlos 😑 pic.twitter.com/PclQ11odAf
— Futsal Profissional Oficial (@FSprofissional) October 6, 2019
Ko Puccy
Source: Sportbible