အဝေးကွင်းမှာ ဘန်လေအသင်းကို (၀-၃)ရလဒ်နဲ့ လီဗာပူးလ် အနိုင်ရခဲ့လို့ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်ခွင့် ရခဲ့သလို အသင်းရဲ့ နိုင်ပွဲဆက်စံချိန်သစ် အဖြစ် (၁၃)ဆက်နိုင်ပွဲနဲ့ သမိုင်းသစ် ရေးထိုး နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမိနစ်(၈၀)မှာ လူစားလဲခံခဲ့ရတဲ့ တောင်ပံကစားသမား မာနေးရဲ့ ဒေါသထွက် ပြီး ပေါက်ကွဲနေတဲ့ အပြုအမူဟာ ပရိတ်သတ်တွေအတွက် ပိုမို စိတ်ဝင်စားစရာ ဖြစ်ခဲ့သလို အသင်းဖော်တွေ ဖြစ်တဲ့ မာနေးနဲ့ ဆာလာကြားမှ ပြဿနာတွေရှိနေပြီလို့ အင်္ဂလိပ်မီဒီယာတွေက ခန့်မှန်း သုံးသပ်ခဲ့ကြပါတယ်။

ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာတော့ လီဗာပူးလ်နည်းပြ ကလော့ပ်က မာနေးဘာလို့ ပေါက်ကွဲနေလဲ သူမသိပေ မယ့် ချက်ချင်း ဖြေရှင်းသွားမှာဖြစ်တယ်လို့ မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။ အ၀တ်လဲခန်းကနေ အသင်းရဲ့ ဘတ်စ်ကားပေါ်သွားတဲ့ လမ်းတစ်လျှောက်မှာလည်း မာနေးဟာ နားကြပ်ကို တပ်ပြီး မီဒီယာတွေ မေးသမျှကို မသိချင်ယောင် ဆောင်နေခဲ့ပါတယ်။

လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆင်က “ ဆာဒီယို(မာနေး)ဟာ ခင်ဖို့ကောင်းတဲ့သူ တစ်ယောက်ပါ။ သူ ဘာကြောင့် ဒေါသတကြီးနဲ့ ပေါက်ကွဲခဲ့လည်းတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် အရန်ခုံပေါ်ရောက်တော့ သူက ရယ်ရယ်မောမောနဲ့ ဟာသတွေတောင် ပြောနေခဲ့သေးတယ်” ဆိုပြီး ဖြေကြားခဲ့တာပါ။

Liverpool/Twitter

ပွဲပြီး အ၀တ်လဲခန်းထဲက အခြေအနေနဲ့ ပတ်သတ်ပြီးလည်း “ အ၀တ်လဲခန်းထဲမှာလည်း ဘာပြဿနာမှ မရှိ ခဲ့ပါဘူး။ အရေးအကြီးဆုံး အရာက အသင်းရလဒ်ကောင်းဖို့ ဖြစ်ပြီး ဆာဒီယို ကိုယ်တိုင်လည်း ဒါကို သိပါတယ်။ သူကစားသွားတာ အရမ်းကို ကောင်းပါတယ်။ ကျွန်တော်တို့အားလုံးဟာ အချိန်ပြည့် ပိုကောင်းအောင် ကြိုးစား နေသူပါ။ ဒါကြောင့်မို့ တစ်ခါတစ်လေမှာ အလိုမကျတာတွေ ရှိနိုင်ပါတယ်” လို့ ဟန်ဒါဆင်က ပြောခဲ့ပါတယ်။

SkySports/YouTube

ဘန်လေနဲ့ပွဲမှာ မာနေးဟာ လူစားလဲခံရလို့ အရန်ခုံပေါ် ရောက်လာခဲ့ချိန်မှာ အသင်းရဲ့ ကြံ့ခိုင်ရေးနည်းပြ အန်းဒရီးစ်ရက်စ် ကွန်မေယာနဲ့ စကားအချေအတင် ဖြစ်ခဲ့ပါတယ်။ အသင်းခေါင်းဆောင် ဟန်ဒါဆင်နဲ့ ဂျိမ်းလ် မေနာတို့က မာနေးကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ပဲ နောက်ဆုံးမှာတော့ ဖာမီနိုက မာနေးကို ဖျောင်းဖျပြီး အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

Finn

READ  “ရန်သူကိုအသင်းဆီဘာလို့ခေါ်မှာလဲ”ဆိုတဲ့ လီဗာပူးလ်ပရိသတ်တွေနဲ့ရာမို့စ်ပုံပြင်