ထူးခြားတဲ့ မှတ်ချက်စကားတွေနဲ့ အမြဲတမ်း ပွဲဆူအောင် ပြောတတ်တဲ့ မော်ရင်ဟိုက တော့တင်ဟမ်အသင်းရဲ့ ကစားသမားတွေဟာ မန်စီးတီကို ပြောင်းရွှေ့သွားတဲ့ အသင်းဖော်ဟောင်း ဝေါ်လ်ကာကို ကြည့်ပြီး အားကျနေ ပြီဖြစ်ကြောင်း မှတ်ချက်ပေး သွားခဲ့ပါတယ်။ ညနောက်ခံလူ ဝေါ်လ်ကာဟာ (၂၀၁၇-၁၈)ရာသီအစက တော့တင်ဟမ်ကနေ မန်စီးတီးကို ပြောင်းရွှေ့ကြေး ပေါင်(၅၂)သန်းနဲ့ ရောက်ရှိသွားခဲ့ပြီး နောက်ပိုင်း မန်စီးတီး နဲ့အတူ ပရီးမီးယားလိဂ်ဖလား(၂)ကြိမ်၊ လိဂ်ဖလား(၁)ကြိမ် ရယူထားနိုင်ခဲ့သူပါ။

(AP Photo/Rui Vieira)

တော့တင်ဟမ်အသင်းဟာ အဓိက ကစားသမားတွေဖြစ်တဲ့ ဟယ်ရီကိန်းနဲ့ ဒယ်လီအလီကို ပြီးခဲ့တဲ့ နှစ်ရှည်စာ ချုပ်တွေ ချုပ်ဆိုထားနိုင်ခဲ့ပေမယ့် အားထားရတဲ့ ကစားသမားတွေဖြစ်တဲ့ အဲရစ်ဆင်၊ ဗာတွန်ဂန်နဲ့ တိုဘီ အဲလ် ဒါဝီရယ်လ်တို့ကို စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးရာမှာ အဆင်မပြေဖြစ်နေခဲ့တာပါ။ ဒီကစားသမား(၃)ယောက် စလုံးဟာ တော့တင်ဟမ်က ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး စာချုပ်သက်တမ်းနောက်ဆုံး နှစ်ထဲ ရောက်နေတဲ့ အဲရစ်ဆင်ကိုသာ သက်တမ်းမတိုးနိုင်ခဲ့ရင် ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက် လွှတ်ရမှာ ဖြစ်ပါတယ်။

(AP Photo/Alastair Grant)

မော်ရင်ဟိုက “ အဲရစ်ဆင်၊ ဗာတွန်ဂန်နဲ့ အဲလ်ဒါဝီရယ်လ်တို့ ဘာတွေဖြစ်နေလဲဆိုတာနဲ့ ပတ်သတ်ပြီး ကျွန် တော်တွေးမိတာ တစ်ခုရှိပါတယ်။ သူတို့ တော့တင်ဟမ်မှာ မပျော်တော့ပါဘူး။ နည်းပြပိုချက်တီနိုနဲ့ ကစားသ မားတွေကြားမှာ ဆက်ဆံရေးပြေလည်တယ်လို့ ထင်ရပေမယ့် အသင်းစည်းလုံးမှုက အတွင်းကျိတ် ပြိုကွဲနေပုံရ ပါတယ်။”

“ တော့တင်ဟမ်မှာ ကြီးကျယ်ခမ်းနားတဲ့ အိမ်ကွင်းသစ်ကြီးကို ပိုင်ဆိုင်ထားတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဒီနှစ်မှာ ထပ်မံယှဉ်ပြိုင်ခွင့်ရတယ်”

“ ဒါပေမယ့် တစ်ချို့ကစားတွေ မျှော်လင့်တာက ဒီလိုအရာတွေ မဟုတ်ပါဘူး။ ဘယ်လောက် ပြီးပြည့်စုံတဲ့ ကလပ်အသင်းပဲ ဖြစ်နေပါစေ အဓိက ကစားသမားတစ်ယောက်လောက်က မပျော်မရွှင် ဖြစ်နေရင် အသင်းရဲ့ အာရုံစူးစိုက်မှုကို ထိခိုက်စေနိုင်ပါတယ်” ဆိုပြီး တော့တင်ဟမ်အသင်းရဲ့ အနေအထားကို သုံးသပ်သွားခဲ့ပါတယ်။

Finn

READ  ဧည့်သည်အသင်းတွေဖြစ်တဲ့ ၀ုလ်ဗ်နဲ့ အာဆင်နယ်အသင်းတို့ ရလဒ်ကောင်းဖို့ ရှိနေပါတယ်