(၂၀၁၉) ဇန်န၀ါရီလ (၇)ရက်ကနေ (၂၇)ရက်နေ့အထိ ကျင်းပနေတဲ့ သြစတြေးလျအိုးပင်း ပြိုင်ပွဲမှာ ဖက်ဒါးရားကို ကွင်းထဲဝင်ခွင့်မပေးခဲ့တဲ့ ကွင်းလုံခြုံရေးတစ်ယောက်ရဲ့ ဗီဒီယို ဟာ ပရိသတ်တွေကြားမှာ နာမည်ကြီးသွားခဲ့ပါတယ်။

ဂရင်းဆလင်းချန်ပီယံဆုကို အကြိမ် (၂၀)အထိ ရရှိထားခဲ့ပြီး သြစတြေးလျအိုးပင်း ချန်ပီယံဆုကို (၆)ကြိမ်အထိ ဆွတ်ခူးထားခဲ့တဲ့ ဖက်ဒါးရားဟာ သြစတြေးလျအိုးပင်းသမိုင်းမှာ နာမည်ကြီးတစ်ယောက် ဖြစ်ခဲ့ပေမယ့်လည်း VIP တစ်ယောက်လို ဆက်ဆံခြင်းမခံခဲ့ရရှာပါဘူး။

Twitter

ဗီဒီယိုဖိုင်ထဲမှာတော့ ဖက်ဒါးရားဟာ သူ့ရဲ့မန်နေဂျာနဲ့အတူ ကွင်းထဲကို ၀င်ရောက်လာခဲ့တာဖြစ်ပြီး မန်နေဂျာဖြစ်သူက ကိစ္စတစ်ခုကြောင့် အနောက်ဖက်နားမှာ ကျန်နေရစ်ခဲ့တာပါ။ ဖက်ဒါးရားတစ်ယောက် ကွင်းအပေါက်ဝကိုရောက်လာခဲ့ပေမယ့် ကွင်းလုံခြုံရေးကတော့ ၀င်ခွင့်ကတ်မပါခဲ့တဲ့ ဖက်ဒါးရားကို ၀င်ခွင့်မပေးပဲ ရပ်စောင့်ခိုင်းခဲ့ပါတယ်။

Twitter

ဖက်ဒါးရားက သူ့ကိုဝင်ခွင့်ပေးမယ်လို့ ထင်ခဲ့ပေမယ့်လည်း ကွင်းလုံခြုံရေးကတော့ “ကတ်မပါဘူးဆိုရင် စောင့်ပါဦး” လို့သာ တုန့်ပြန်ခဲ့တာပါ။

မီဒီယာတွေကတော့ ဘယ်လောက်ပဲ ကမ္ဘာကျော်တဲ့ ကစားသမားဖြစ်ဖြစ် သက်ဆိုင်ရာနေရာတွေအတွက် ၀င်ခွင့်ကတ် လိုအပ်တယ်လို့ ရေးသားနေကြပြီး ပရိသတ်တွေကတော့ ကွင်းလုံခြုံရေးဟာ တမင်သက်သက် နာမည်ကြီးအောင် လုပ်ခဲ့တာဖြစ်တယ်လို့ မှတ်ချက်ပေးနေကြပါတယ်။

Linn

Source : Dailymail , Twitter

READ  တင်းနစ်ပြိုင်ပွဲသွားကြည့်ပြီး ဘောလုံးဖမ်းဖို့ကြိုးစားခဲ့တဲ့ ရော်နယ်ဒိုရဲ့ဟာသဖြစ်ရပ်