(၂၀၁၉)ခုနှစ် ဖေဖော်ဝါရီလ အတွင်းမှာ ကျင်းပခဲ့တဲ့ ဒယ်လ်ရေးကမ်းခြေ တင်းနစ်ပြိုင်ပွဲရဲ့ ပွဲစဉ်တစ်ခုအကြောင်းက အခုအချိန်အထိ ပရိသတ်တွေကြားမှာ ပြောမဆုံးအောင် ဖြစ်နေဆဲပါ။

ဖေဖော်ဝါရီ (၁၈)ကနေ (၂၄)အထိ ကျင်းပခဲ့တဲ့ အဲဒီပြိုင်ပွဲမှာ အမေရိကန်ရဲ့နာမည်ကျော် နှစ်ယောက်တွဲ တင်းနစ်သမားတွေဖြစ်ကြတဲ့ ဘော့ဘ်နဲ့မိုက်ဘရိုင်ယန် တို့ ညီအစ်ကို က အကောင်းဆုံးလက်စွမ်းနဲ့အတူ နှစ်ယောက်တွဲ ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့ကြတာပါ။

ATP

အဲဒီပြိုင်ပွဲရဲ့ နှစ်ယောက်တွဲပွဲစဉ် အဖွင့်ပွဲအဖြစ် ဘရိုင်ယန်ညီအစ်ကိုတို့ ရင်ဆိုင်ခဲ့ရတဲ့အတွဲက ဂျာမနီတင်းနစ်အတွဲဖြစ်တဲ့ ခရာဝစ်ဇ်နဲ့ မိုင်းလ် တို့အတွဲဖြစ်ပြီး ဘရိုင်ယန်တို့ညီအစ်ကို ကို အခက်တွေ့အောင် ကစားသွားနိုင်ခဲ့ကြတာပါ။

ဆိုရှယ်မီဒီယာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တစ်ခုထဲမှာတော့ ဘရိုင်ယန်ညီအစ်ကိုနဲ့ ခရာဝစ်ဇ်တို့အတွဲရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာဖြစ်ပြီး ရမှတ်တစ်မှတ်အတွက် ဘယ်လောက်တောင် အသည်းအသန် ကစားခဲ့ကြရသလဲဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။

ပရိသတ်တွေက ဘယ်သူများအမှတ်ရမလဲဆိုတာ စိတ်လှုပ်ရှားစွာနဲ့ စောင့်နေခဲ့ရပြီး နောက်ဆုံးမှာ ဘရိုင်ယန်ညီအစ်ကို ကပဲ နိုင်သွားခဲ့တာပါ။

ATP

Linn

Source : Youtube

READ  ရေခဲပြင်ဟော်ကီပွဲကို ရုပ်တည်ကြီးနဲ့သွားပြီး ချော်လဲခဲ့တဲ့မော်ရင်ဟိုရဲ့ဗီဒီယို