ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ်အတွင်းမှာ တရုတ်နိုင်ငံတွင်းက ကွန်ဖူးသိုင်းဆရာတွေဟာ အတုအယောင်တွေပဲလို့ လူသိရှင်ကြားဝေဖန်ခဲ့ပြီး သိုင်းဆရာတွေကို စိန်ခေါ်ထိုးသတ်နေတဲ့ MMA တိုက်ခိုက်ရေးသမားတစ်ယောက် ပေါ်ထွက်လာခဲ့ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ တရုတ်နိုင်ငံတွင်းမှာ အယောင်ဆောင် ကွန်ဖူးသမားတွေ ပပျောက်သွားဖို့ပါတဲ့။

စူ ရှီယာဒေါင် လို့ နာမည်ရှိတဲ့ တိုက်ခိုက်ရေးသမားဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ တရုတ်နိုင်ငံတွင်းက ကွန်ဖူးသိုင်းဆရာနှစ်ယောက်ကို အလဲထိုးခဲ့ပြီး ကွန်ဖူးသိုင်းပညာဆိုတာ ပြည်သူတွေကို လိမ်ညာနေတာလို့ လူသိစေခဲ့တဲ့သူပါ။

Asiaone

စူ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ အသက် (၅၆)နှစ်အရွယ် ကွန်ဖူးသိုင်းဆရာကြီးတစ်ယောက်ရဲ့ စိန်ခေါ်မှုကို လက်ခံရရှိခဲ့ပြီး ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ သဘောတူခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ သူတို့ရဲ့ပွဲစဉ်ဟာ ပရိသတ်တွေ စိတ်ဝင်စားခဲ့ကြတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီး မာကျောတဲ့ တိုက်ခိုက်ရေးသမား စူ ကို ကွန်ဖူးဆရာကြီး ဘယ်လိုရင်ဆိုင်မလဲဆိုတာ အားလုံးက သိချင်ခဲ့ကြပါတယ်။

တကယ်တမ်း ကြိုးဝိုင်းထဲမှာ ထိုးသတ်ကြချိန်မှာတော့ ကွန်ဖူးသိုင်းဆရာ တန်ယီ ရဲ့ လက်သီးချက်တွေက စူ ကို ဘယ်လိုမှ အခက်တွေ့အောင် မစွမ်းဆောင်နိုင်ခဲ့ပဲ ပထမအချီမှာတင် စူရဲ့ တံတောင်ချက် မိပြီး တန်ယီတစ်ယောက် နှာခေါင်းထဲက သွေးတွေကျလာခဲ့ပါတယ်။

Asiaone

ဆေးအဖွဲ့က တန်ယီ ကို ဆက်မထိုးသတ်စေချင်ကြတော့ပေမယ့် တန်ယီကတော့ ဆက်လက်ထိုးသတ်ဖို့ ဆုံးဖြတ်ခဲ့ပြီး အစွမ်းရှိသလောက် ရင်ဆိုင်ခဲ့တာပါ။ ဒါပေမယ့် အသက်ကြီးနေပြီဖြစ်တဲ့ ကွန်ဖူးဆရာကြီးရဲ့ လက်သီးချက်တွေက စူ ကို ဘယ်လိုမှ နာကျင်အောင်လုပ်နိုင်စွမ်းမရှိပဲ နောက်ဆုံးမှာတော့ ဒူးတိုက်ချက် တစ်ချက်နဲ့ စူတစ်ယောက် အနိုင်ရရှိသွားခဲ့ပါတယ်။

ပရိသတ်တွေကတော့ ဒီပြိုင်ပွဲဟာ သိုင်းပညာနဲ့တင်မဟုတ်ပဲ အသက်အရွယ်ကွာခြားမှု၊ ကြံ့ခိုင်မှု စတာတွေနဲ့လည်း သက်ဆိုင်တယ်လို့ မှတ်ချက်ပေးခဲ့ကြပြီး စူ ကတော့ ကွန်ဖူးသိုင်းဆရာတွေဆိုတာ ပြည်သူကို လိမ်ညာနေကြသူတွေဖြစ်တယ်လို့ ဆက်လက် သက်သေထူသွားခဲ့ပါတယ်။

Linn

Source : asiaone

READ  ရှပ်အင်္ကျီကြော်ငြာထဲက ကကွက်တွေကြောင့် လှောင်ပြောင်ခံနေရတဲ့ နာမည်ကျော်ဂေါက်သီးရိုက်သမားကြီး