UFC ရဲ့ နာမည်ကျော်တိုက်ခိုက်ရေးသမား မက်ဂရီဂေါ်ကတော့ မိုင်ယာမီကမ်းခြေကို အပန်းဖြေခရီးထွက်လာရင်း သူ့ရဲ့ထုံးစံအတိုင်း ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြန်ပါတယ်။ မနေ့ကပဲ မိုင်ယာမီ မှာ မိကျောင်းတွေနဲ့ ဓာတ်ပုံရိုက်နေခဲ့တဲ့ မက်ဂရီဂေါ် ဟာ ဒီနေ့မှာတော့ ရဲစခန်းထဲ ရောက်လို့နေပါပြီ။

 

အကြောင်းရင်းကတော့ ပရိသတ်တစ်ဦးရဲ့ဖုန်းကို ဖျက်ဆီးခဲ့လို့ဖြစ်ပြီး မိုင်ယာမီ ရဲဌာနက သူ့ကို ဖမ်းဆီးလိုက်တယ်။

မိုင်ယာမီကမ်းခြေဟိုတယ်မှာ တည်းခိုနေတဲ့ အိုင်ယာလန်တိုက်ခိုက်ရေးသမားဟာ သူ့ကိုဓာတ်ပုံရိုက်ဖို့ ကြိုးစားနေတဲ့ ပရိသတ်တစ်ဦးနဲ့ တွေ့ခဲ့ပြီး သူ့ရဲ့ခွင့်ပြုချက်မရှိပဲ ဓာတ်ပုံရိုက်ခဲ့လို့ ဒေါသအိုး ပေါက်ကွဲခဲ့တာပါ။

အဲဒီနောက်မှာတော့ ပရိသတ်ရဲ့ဖုန်းကို ဆွဲလုကာ လွှင့်ပစ်ခဲ့ပြီး ဖုန်းပေါ်ကို အကြိမ်ပေါင်းများစွာ တက်ခုန်ခဲ့တယ်။

ပြီးခဲ့တဲ့ ခါဘစ်နဲ့ ပွဲစဉ်မှာ ပြဿနာတွေတက်ခဲ့လို့ ပြိုင်ပွဲတွေကနေ (၆)လ အပယ်ခံထားရတဲ့ မက်ဂရီဂေါ်ဟာ အဲဒီအဖြစ်အပျက်ကြောင့် ရဲစခန်းရောက်သွားခဲ့ပြီး မိုင်ယာမီရဲတွေက သူ့ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့တာပါ။

ရဲတပ်ဖွဲ့က သူ့ကို အာမခံနဲ့ လွှတ်ပေးခဲ့ပေမယ့် တနင်္လာနေ့တစ်ရက်ကိုတော့ ရဲစခန်းထဲမှာ ကုန်ဆုံးခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

Dailymail

Linn

Source : Dailymail

READ  ကမ္ဘာ့အငယ်ဆုံးတိုက်ခိုက်ရေးသမားဖြစ်လာတော့မယ် (၉)နှစ်အရွယ်ချာတိတ်လေး