ဖော်မြူလာစီးရီးကားမောင်းပြိုင်ပွဲတွေဟာ တနာရီကို မိုင်(၁၆၀၊ ၁၇၀) နီးပါးနဲ့မောင်းနှင်ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲတွေပါ။ ပြီးခဲ့တဲ့ တပတ်ကလည်း ဖော်မြူလာ-၂ ပြိုင်ပွဲမှာ ကားတိုင်မှုဖြစ်ပွားလို့ ပြင်သစ်ကားမောင်းသမား အန်တွိုက်ဟူးဘတ် တယောက် အသက်ဆုံးရှုံးခဲ့ရပါသေးတယ်။

အခုလည်း အီတလီနိုင်ငံက နာမည်ကျော် မွန်ဇာကားမောင်းပြိုင်ကွင်းထဲမှာ မတော်တဆမှုတခု ဖြစ်ပွားခဲ့ပြန်ပါတယ်။ ဒီတခါ မှာတော့ ဖော်မြူလာ-၃ ကားမောင်းပြိုင်ပွဲမှာဖြစ်ပွားခဲ့တာဖြစ်ပြီး သြစတြေးလျကားမောင်းသမား အဲလက်စ်ပီရိုနီဟာ လမ်းဘေး မှာထားတဲ့ ‘sausage kerb’ လို့ခေါ်တဲ့ အကာအရံတုံးကို ဝင်တိုက်မိတာပါ။

ရုပ်သံပြကွက်တွေအရတော့ ပီရိုနီဟာ မွန်ဇာကွင်းရဲ့ ပါရာဘိုလီကာ အကွေ့မှာ ကားလမ်းအပြင်ကို အရှိန်လွန်ပြီးရောက်သွားရာ ကနေ ကားလမ်းပေါ်ပြန်တက်ဖို့ ကြိုးစားရာကနေ အကာအရံတုံးကို ဝင်တိုင်မိပြီး ကားက မြောက်တက်သွားတာပါ။ ပီရိုနီရဲ့ ကားက လေထဲကိုမြောက်တက်ပြီး (၃၊ ၄) ပတ်လောက်လည်ပြီးမှ ပြုတ်ကျခဲ့တာဖြစ်ပေမဲ့ ကံကောင်းထောက်မစွာနဲ့ ပီရိုနီကတော့ ဒဏ်ရာရရှိခဲ့ခြင်းမရှိပါဘူး။

Sausage Kerb

ဒီတပတ် ဖော်မြူလာဝမ်းရဲ့ အီတလီဂရင်းပရီပြိုင်ပွဲကျင်းပမဲ့ မွန်ဇာကွင်းမှာ အဲဒီအဖြစ်အပျက်ဖြစ်ပွားပြီးနောက်မှာ ကားသမား တွေရဲ့ ကန့်ကွက်မှုတွေကြောင့် ကွင်းထဲမှာရှိတဲ့ sausage kerb အားလုံးကို ဖြုတ်သိမ်းလိုက်ပြီလို့လည်း သိရပါတယ်။

Ko Puccy
Source: Fox Sports, MailOnline

READ  မွေထိုင်းလက်ဝှေ့ပွဲမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ (၁၃)နှစ်အရွယ် လက်ဝှေ့သမားလေး