အမေရိကန်ရဲ့ နာမည်ကျော် ဂေါက်သီးရိုက်သမားတွေထဲက တစ်ယောက်ဖြစ်တဲ့ ဖီးလ်မစ်ကယ်ဆင် ကတော့ ရှင်အင်္ကျီကြော်ငြာတစ်ခုအတွက် ကပြခဲ့တဲ့ ကကွက်တွေကြောင့် ဆိုရှယ်မီဒီယာတွေပေါ်မှာ လှောင်ပြောင်မှုတွေ ခံနေရပါတယ်။

ဂေါ့ဖ် လောကရဲ့ အဓိက ချန်ပီယံဆုဖလား (၅) လုံးအထိ အရယူပြနိုင်ခဲ့တဲ့ အသက် (၄၈)နှစ်အရွယ် ဂေါက်သီးရိုက်သမားကြီးဟာ သူ့ရဲ့ ခပ်တည်တည်နေတတ်တဲ့ ပုံစံကြီးကနေ ခွဲထွက်ပြီး ဒီကြော်ငြာမှာ လူငယ်ဆန်ဆန် ကပြနေခဲ့တာကိုတွေ့ရမှာပါ။ Mizzen + Main လို့ နာမည်ရတဲ့ အမေရိကန် အ၀တ်အထည်ကုမ္ပဏီက သူတို့ရဲ့ ရှပ်အင်္ကျီကြော်ငြာအတွက် မစ်ကယ်ဆင် ကို ကမ်းလှမ်းခဲ့တာဖြစ်ပြီး မစ်ကယ်ဆင်ရဲ့ဘ၀မှာ ပထမဆုံးအကြိမ် အကနဲ့ ကြော်ငြာရိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

Twitter

ရှပ်အင်္ကျီအဖြူနဲ့ ဂျင်းဘောင်းဘီကို တွဲဖက်ဝတ်ဆင်ထားတဲ့ မစ်ကယ်ဆင်က အဲဒီ ကြော်ငြာထဲမှာ သူ့ဆီကိုရောက်ရှိလာတဲ့ ဂေါက်သီးတွေကို အကနဲ့ ရှောင်တိမ်းရတာဖြစ်ပြီး သူဘယ်လောက်ပဲ လှုပ်ရှားပေမယ့် အင်္ကျီက တွန့်ကြေမသွားဘူးဆိုတာကို ကြော်ငြာက ပြသချင်တာပါ။

PGA ဂေါက်သီးရိုက်ပြိုင်ပွဲတွေမှာ (၄၃) ပွဲအထိ အနိုင်ရထားတဲ့ မစ်ကယ်ဆင်က ဒီကုမ္ပဏီရဲ့ ရှပ်အင်္ကျီပုံစံအသစ် မှန်သမျှကို ဒီ တစ်နှစ်လုံး ကြော်ငြာပေးရမှာဖြစ်ပြီး သူ့ရဲ့စပွန်ဆာကုမ္ပဏီ အသစ်လည်း ဖြစ်လာဖို့ရှိနေတာပါ။

Twitter

ပရိသတ်တွေကတော့ မစ်ကယ်ဆင်ရဲ့ အကဟာ အသက်မပါသလို ပုံစံကြီးဖြစ်နေပြီး မစ်ကယ်ဆင်ဟာ ယောင်္ကျားတစ်ယောက်လို မကပဲ နွဲ့နှောင်းတဲ့ ခန္ဓာကိုယ်ကြီးဖြစ်ဖို့ ကြိုးစားနေတယ်လို့ ဝေဖန်သွားကြပါတယ်။

မစ်ကယ်ဆင်ရဲ့ ဂေါက်သီးရိုက်ဖော် ပက်ပါရယ်က မစ်ကယ်ဆင်ရဲ့ ရှပ်အင်္ကျီကြော်ငြာကိုကြည့်ပြီး သူ့အနေနဲ့ ဒီအမျိုးအစားကို ၀ယ်ဝတ်ဖို့ တော်တော်နောက်တွန့်သွားတယ်လို့ သူ့ရဲ့တွစ်တာအကောင့်ကနေ ဟာသအနေနဲ့ ရေးသားလိုက်ပါတယ်။

Linn

Source : Dailymail

READ  ၀င်ခွင့်ကတ်မပါတဲ့ဖက်ဒါးရားကို ကွင်းထဲဝင်ခွင့်မပေးခဲ့တဲ့လုံခြုံရေး နာမည်ကြီးနေ