မန်ယူအသင်းရဲ့ နည်းပြဟောင်း မော်ရင်ဟို ဟာ ရုရှားရေခဲပြင်ဟော်ကီ ပွဲတစ်ပွဲကို အထူးဧည့်သည်အဖြစ် သွားရောက်ခဲ့ပြီး သူ့ရဲ့ထုံးစံအတိုင်း ကော်ဇောနီပေါ်မှာ ချော်လဲခဲ့ရပြန်ပါတယ်။

ရုရှားနိုင်ငံရဲ့ ရေခဲပြင်ဟော်ကီ အသင်းတစ်သင်းဖြစ်တဲ့ Avangard Omsk အသင်းဟာ မော်ရင်ဟို ကို သူတို့ရဲ့ အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခဲ့ပြီး KSA Saint Petersburg အသင်းနဲ့ ပွဲစဉ်ကို တက်ရောက်စေခဲ့တာပါ။

AFP

မော်ရင်ဟို က ရုရှားဟော်ကီအသင်းရဲ့ ဖိတ်ကြားမှုကို လက်ခံခဲ့ပြီး ကွင်းအတွင်းကို ရောက်ရှိလာခဲ့ပါတယ်။ Avangard အသင်းအနေနဲ့ မော်ရင်ဟို ရောက်ရှိလာတဲ့ အထိမ်းအမှတ်အနေနဲ့ မော်ရင်ဟို ကို ပွဲစတင်သူ အဖြစ် တာဝန်ယူစေခဲ့ပြီး သူ့လက်ထဲက ရော်ဘာအပြားလေးကို ကစားသမားနှစ်ယောက်အကြားချပေးဖို့ တာဝန်ရှိသူတွေက စီစဉ်ပေးခဲ့ကြပါတယ်။

တကယ်တမ်း ကစားသမားတွေ ကွင်းထဲကို ၀င်လာတဲ့အချိန် ၊ မော်ရင်ဟိုက သူ့တာဝန်အတိုင်း ရော်ဘာအပြားလေးကို ချပေးလိုက်ပြီး နောက်ပြန်လှည့်ဖို့ ကြိုးစားချိန်မှာတော့ ကော်ဇောကို ခလုတ်တိုက်ကာ ချော်လဲကျသွားပါတော့တယ်။

AFP

ပရိသတ်တွေရော ကစားသမားတွေပါ မော်ရင်ဟိုရဲ့ ဖြစ်ရပ်ကြောင့် လန့်သွားခဲ့ပြီး အနီးအနားမှာရှိတဲ့ ဟော်ကီသမားနှစ်ယောက်က မော်ရင်ဟို ကို ဆွဲထူခဲ့ကြရတာပါ။

AFP

မော်ရင်ဟို ကတော့ ကော်ဇောနီတွေနဲ့တွေ့ရင် ချော်လဲကျတတ်တယ်လို့တောင် ပြောရမှာဖြစ်ပြီး မန်ယူအသင်းနည်းပြအဖြစ် တာဝန်ယူနေစဉ်တုန်းက အင်္ဂလန်-စပိန်ပွဲကြည့်ဖို့လာရင်း ၀င်ဘလေကွင်းအ၀င်ဝမှာ ချော်လဲကျခဲ့ဖူးပါတယ်။ အဲဒီတုန်းကလည်း ကော်ဇောနီပေါ်မှာ ဖြစ်ခဲ့တာပါပဲ။

မော်ရင်ဟို ရဲ့ ဒီ ဗီဒီယို ဖိုင်လေးက ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး ပရိသတ်တွေက မတွေ့ရတာ ကြာပြီဖြစ်တဲ့ နည်းပြဟောင်းကြီးကို ဒီလိုပုံစံမျိုးနဲ့ ပြန်မြင်ရတာ စိတ်ချမ်းသာတယ်လို့ ရယ်စရာမှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

Linn

Source : Dailymail

READ  MMA တိုက်ခိုက်ရေးသမားနဲ့သူ့ကိုစိန်ခေါ်ခဲ့တဲ့ (၅၆)နှစ်အရွယ်ကွန်ဖူးဆရာတို့ရဲ့လက်ဝှေ့ပွဲ