ပြီးခဲ့တဲ့ စနေနေ့က ကျင်းပခဲ့တဲ့ Cage Warriors 101 ပြိုင်ပွဲမှာ ပြင်သစ် MMA တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်တဲ့ ဘိုကီချုး ကြောင့် ပရိသတ်တွေ ထိတ်လန့်ကုန်ခဲ့ရပါတယ်။

နိုင်ငံစုံက တိုက်ခိုက်ရေးသမားတွေ လာရောက်ယှဉ်ပြိုင်ကြတဲ့ Cage Warriors 101 ပွဲစဉ်မှာ ဘိုကီချူးက အင်္ဂလန်တိုက်ခိုက်ရေးသမား တွမ် အက်စ်ပင်နယ်လ်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး သူ့အတွက် ကံဆိုးတဲ့နေ့တစ်နေ့ ဖြစ်ခဲ့တာပါ။

Dailymail

ပွဲစဉ်ရဲ့ပထမအချီဖြစ်တဲ့ ပွဲအစ တစ်မိနစ်အကျော်မှာပဲ ဘိုကီချုးဟာ အက်စ်ပင်နယ်လ်ကို ခြေကန်ချက်တွေနဲ့ ဖိအားပေးဖို့ ကြိုးစားခဲ့တာ ဖြစ်ပြီး သူ့ရဲ့ခြေထောက်ဟာ အခန့်မသင့်ပဲ သွင်သွင်ကျိုးသွားခဲ့ရတာပါ။

ဒါက တကယ့်ကို အခန့်မသင့်တဲ့ ဖြစ်ရပ်လို့ပြောရမှာဖြစ်ပြီး အက်စ်ပင်နယ်လ်ဟာ ဘိုကီချူးရဲ့ကန်ချက်ကို ခြေထောက်မြှောက်ရုံလေးတင် ကာကွယ်ခဲ့တာပါ။

Dailymail

ပရိသတ်တွေလည်း ဒီအဖြစ်အပျက်ကြောင့် ထိတ်လန့်သွားခဲ့ပြီး ဆေးအဖွဲ့လည်း ချက်ချင်းဆိုသလို စည်းဝိုင်းထဲဆီရောက်လာခဲ့ကြပါတယ်။

သူ့ရဲ့အရိုးကျိုးသံဟာ ကျယ်လောင်လွန်းလို့ အနီးအနားမှာရှိတဲ့ ပရိသတ်တွေအားလုံး အလန့်တကြားဖြစ်ကုန်ကြတာကို ရုပ်သံပြကွက်တွေအရမြင်တွေ့ရမှာပါ။

ပရိသတ်တွေကတော့ အဲဒီလို ဖြစ်ရပ်မျိုး ဖြစ်သွားတာတောင် အောင်ပွဲခံခဲ့တဲ့ အက်စ်ပင်နယ်လ် ကို ဝေဖန်ခဲ့ကြပြီး ဒါဟာ ကစားသမားကောင်းတစ်ယောက်ရဲ့ လုပ်ရပ်မျိုးမဟုတ်ဘူးလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

Linn

Source : Dailymail

READ  နာမည်ကျော်တိုက်ခိုက်ရေးသမား မက်ဂရီဂေါ်ရဲ့ 10 Year Challenge