ပြီးခဲ့တဲ့ စနေနေ့က အမေရိကန်နိုင်ငံ၊ နက်ရှ်ဗီးလ်မြို့မှာ ကျင်းပခဲ့တဲ့ UFC ပွဲစဉ်တစ်ပွဲမှာ အန်တိုနီ ပက်တစ် ဆိုတဲ့ တိုက်ခိုက်ရေးသမားရဲ့ လက်သီးချက်က ပြိုင်ဖက်ကို တစ်ချက်တည်း လဲကျသွားစေခဲ့ပါတယ်။

ပရိသတ်တွေကတော့ ဒါကို စူပါမန်း လက်သီးချက်လို့တောင် တင်စားနေကြတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့လက်သီးချက်ထွက်လာပုံက စူပါမန်းမိုးပေါ်ပျံနေတဲ့ပုံနဲ့ တူလို့ ဆိုပြီးတော့ပါ။

UFC

အသက် (၃၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့ UFC တိုက်ခိုက်ရေးသမား ပက်တစ် ဟာ အဲဒီပွဲစဉ်မှာ စတီဖင် သွမ်ဆန်နဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပြီး ပွဲအစပိုင်းမှာ သွမ်ဆန်ရဲ့ လက်သီးချက်တွေကြောင့် မျက်နှာမှာ သွေးတွေ ရွှဲနေခဲ့ရတာပါ။

UFC

ဒါပေမယ့်လည်း သူ့ရဲ့အားပါပြင်းထန်တဲ့ လက်သီးချက်က ဒီပွဲကိုအဆုံးအဖြတ် ဖြစ်သွားစေခဲ့ပြီး လေပေါ်ကိုခုန်ထိုးလိုက်တဲ့ ထိုးချက်ဟာ သွမ်ဆန်ရဲ့မေးရိုးကို ထိုးမိခဲ့ကာ တစ်ခါတည်းလဲကျသွားပါတော့တယ်။

ပက်တစ်က လဲကျသွားတဲ့ သွမ်ဆန် ကို ဆက်ပြီးထိုးဖို့ ကြိုးစားခဲ့ပေမယ့် ကြိုးဝိုင်းဒိုင်လူကြီးက ဒီလောက်နဲ့ လုံလောက်သွားပြီလို့ ဆုံးဖြတ်ခဲ့ပြီး ပက်တစ်ကို အနိုင်သတ်မှတ်ပေးခဲ့ပါတယ်။

ပက်တစ်ဟာ ပြီးခဲ့တဲ့လအတွင်းက ထိုးသတ်ခဲ့တဲ့ ပွဲစဉ်မှာလည်း ပြိုင်ဖက်ကစားသမားရဲ့ ဦးခေါင်းကို လေပေါ်မှာ ခုန်ကန်ရာကနေ အနိုင်ရသွားခဲ့ဖူးပြီး အဲဒီကန်ချက်ကလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးသွားခဲ့ပါသေးတယ်။

Linn

Source : Dailymail

READ  အမေရိကန် ကျွမ်းဘားမယ်လေးရဲ့ လက်ဖျားခါလောက်တဲ့စွမ်းရည်