အသက် (၃၇)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဘူလ်ဂေးရီးယန်း လက်ဝှေ့သမား ပူလက်ဗ်တစ်ယောက်ကတော့ သူ့ကိုအင်တာဗျူးလုပ်နေတဲ့ သတင်းထောက်အမျိုးသမီးကို ဖက်နမ်းပစ်ခဲ့လို့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပါပြီ။

ဘူဂေးရီးယားရဲ့ နာမည်ကြီး ဟဲဗီးဝိတ်လက်ဝှေ့ကျော် ဟာ တိုင်ဆန်ဖြူရီနဲ့ ထိုးသတ်ဖို့ စီစဉ်နေတာဖြစ်ပြီး အဲဒီပွဲကြိုအင်တာဗျူး လာလုပ်တဲ့သတင်းထောက်အမျိုးသမီးရဲ့ နှုတ်ခမ်းကို နမ်းလိုက်တာပါ။

TheSun

ဂျန်နီ ဆိုတဲ့ သတင်းထောက်အမျိုးသမီးက တိုင်ဆိုင်ဖျူရီ ကို သူ့အနေနဲ့ အနိုင်ထိုးသတ်နိုင်မလားလို့ မေးခွန်းမေးလိုက်ချိန်မှာ ပူလက်ဗ် က “Yes” လို့ဖြေခဲ့ပြီး သူမရဲ့မေးစေ့ကို ဆွဲလှည့်ကာ နမ်းလိုက်တာပါ။ အဲဒီနောက် နေရာကနေ ထွက်သွားခဲ့ပါတယ်။

တွစ်တာပေါ်မှာကတော့ ဒီအပြုအမူဟာ အရမ်းကို ရိုင်းပျတဲ့အပြုအမူဖြစ်ကြောင်းနဲ့ အမျိုးသမီးအနေနဲ့ အရှက်ကွဲသွားခဲ့ရကြောင်း ဝေဖန်နေကြတာပါ။

TheSun

ဒီ အခြေအနေက အင်တာဗျူးကို တိုက်ရိုက်ထုတ်လွှင့်နေတဲ့အခြေအနေ ဖြစ်လို့ ကြည့်ရှုနေတဲ့ ပရိသတ်တွေအားလုံး မြင်လိုက်ကြရပြီး လူပုံအလည်မှာ အရှက်ခွဲလိုက်သလို ဖြစ်သွားခဲ့တယ်လို့ တချို့က မှတ်ချက်ပေးနေကြပါတယ်။

ပူလက်ဗ်ဟာ ပြီးခဲ့တဲ့ (၂၀၁၈)အောက်တိုဘာလအတွင်းမှာပဲ တိုင်ဆန်ဖျူရီရဲ့ ညီဝမ်းကွဲဖြစ်တဲ့ ဟူဂီဖျူရီနဲ့ ထိုးသတ်ခဲ့သေးပြီး ဒိုင်လူကြီးတွေရဲ့အဆုံးအဖြတ်နဲ့ အနိုင်ယူထားခဲ့တာပါ။

ပူလက်ဗ်ရဲ့ လက်ဝှေ့သမားဘ၀ မှတ်တမ်းတွေမှာ (၂၈)ပွဲထိုးသတ်ပြီး (၂၇)ပွဲနိုင်၊ ရှုံးပွဲတစ်ပွဲသာ ရှိသေးတာမို့ လက်ဝှေ့သမားကောင်းတစ်ယောက်လို့ ပြောနိုင်ပေမယ့် သူ့ရဲ့လုပ်ရပ်ကတော့ ပရိသတ်တွေကြားမှာ ပြောစရာတစ်ခု ဖြစ်သွားခဲ့ပါတယ်။

Linn

Source : TheSun

READ  လုယက်သူ ဓားသမား(၈)ယောက်ကို အက်ရှင်ကားဆန်ဆန် တုန့်ပြန်ခဲ့တဲ့ MMAနည်းပြ