ရုရှားဟော်ကီအသင်း Izhstal Izhevsk အသင်းရဲ့ netminder (ဂိုးသမား) ဆဗီလီကိုနိုနော့ဗ်ဟာ ပွဲစဉ်တပွဲမှာ အသင်းဖော်တွေကရွေးချယ်တဲ့ အကောင်းဆုံးကစားသမားဆုကိုရခဲ့အပြီး မထင်မှတ်တဲ့ ဆုလက်ဆောင်ကို လက်ခံရရှိခဲ့ပါတယ်။ အဲ့ဒါကတော့ AK-47 သေနတ်အစစ်တလက်ပါပဲ။
Izhevsk အသင်းက Chelmet အသင်းကို (၃-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ကိုနိုနော့ဗ်ဟာ လက်စွမ်းပြခဲ့ပြီးနောက် အသင်းဖော်တွေက သူ့ကို ပွဲရဲ့အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခဲ့ကြပါတယ်။ ကိုနိုနော့ဗ်ဟာ အဲဒီပွဲမှာ ဂိုးပေါက်ကာကွယ်မှု (၃၆)ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး အသင်းရဲ့နိုင်ပွဲမှာ အရေးကြီးတဲ့နေရာက စွမ်းဆောင်ပေးခဲ့တာပါ။
အကောင်းဆုံးဆုကိုပေးဖို့အတွက် ကလပ်အသင်းတာဝန်ရှိသူတွေက သေနတ်ကိုင်ပြီး အဝတ်လဲခန်းထဲကိုဝင်လာပုံက အက်ရှင်ဇာတ်ကားတခုထဲက ဇာတ်ဝင်ခန်းလိုပါပဲ။ အဲဒီနောက် သေနတ်ကို အသင်းခေါင်းဆောင်ဆီလွှဲပေးခဲ့ပြီး အသင်းခေါင်းဆောင်ကနေမှာ ကိုနိုနော့ဗ်ကို ချီးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။
Russian Goalie, Saveli Kononov, received an AK-47 after being named player of the game by his teammates – WTF pic.twitter.com/2tVFskX3Ou
— HockeyTroll.ca (@Hockeytroll_ca) September 11, 2019
Ko Puccy
Source: DailyMail