လက်ရှိ ဆိုရှယ်မီဒီယာပေါ်မှာ ရေပန်းအစားဆုံး တိုက်ခိုက်ရေးသမားတွေကို ပြပါဆိုရင် နာမည်ကျော် လက်ဝှေ့သမားတွေထက် နာမည်ကြီးနေသူနှစ်ယောက်ကို ပြရမှာပါ။

ဘရုစလီအငယ်စားလေးလို့ နာမည်ပေးခံထားရတဲ့ ဂျပန်လေး ရူဆဲအိ နဲ့ တိုက်ကွမ်ဒိုမာစတာ လို့ နာမည်ပေးခံထားရတဲ့ တရုတ်လေး ကွီနန် တို့ပါပဲ။

DAilymail

နှစ်ဦးစလုံးက မတူညီတဲ့ ပါရမီရှင်တွေ ဖြစ်ကြပြီး အသက် ငယ်ငယ်လေးတွေနဲ့ သက်ဆိုင်ရာသိုင်းပညာတွေကို ကျွမ်းကျွမ်းကျင်ကျင် တတ်ထားကြသူတွေပါ။

အသက် (၉)နှစ်အရွယ်သာရှိသေးပြီး ကွန်ဖူးသိုင်းပညာကို တစ်နေ့အနည်းဆုံး (၄)နာရီ လေ့ကျင့်တဲ့ ရူဆဲအိ ကိုတော့ ပရိသတ်တွေ ပိုပြီး သိကြပါလိမ့်မယ်။ သူက နံချပ်ကူ ကစားတဲ့နေရာမှာ လုံးဝကို ဆရာကျသူဖြစ်ပြီး သူ့ခန္ဓာကိုယ်မှာလည်း အရွယ်နဲ့မလိုက်အောင် ကြွက်သားအပြည့်နဲ့ မြင်ရမှာပါ။

Youtube

ကွီနန်ကတော့ Kungfu Boys ဆိုတဲ့ ဇာတ်ကားထဲမှာတောင် သရုပ်ဆောင်ရဖူးသူ တိုက်ကွမ်ဒို သမားလေးဖြစ်ပြီး “Dragon Kid” ဆိုတဲ့နာမည်နဲ့ လူသိများသူပါ။

ကွီနန်က အသက် (၁၄)နှစ် ရှိပြီဖြစ်ပြီး သူ့ရဲ့ဆံပင်ရှည်တွေက ယောင်္ကျားလေးတစ်ယောက်ထက်စာရင် မိန်းကလေးတစ်ယောက်နဲ့ ပိုလို့တူစေပါတယ်။

ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ကို တိုက်ခိုက်ခိုင်းမယ့် ပွဲတစ်ပွဲလောက် မြင်ရရင် အရမ်းကောင်းမယ်လို့ တောင်းဆိုနေကြပြီး မတူညီတဲ့ တိုက်ခိုက်ရေးသမား ကလေးငယ်နှစ်ယောက်ကို တစ်ပွဲတစ်လမ်း စမ်းသပ်ခိုင်းဖို့ မျှော်လင့်နေကြတာပါ။

သူတို့ သိချင်တာကတော့ ဘယ်သူက ပိုပြီးတော်တဲ့ တိုက်ခိုက်ရေးသမား ဖြစ်လာမလဲဆိုတာပဲဖြစ်ပြီး တွစ်တာပေါ်မှာတော့ ကွန်ဖူးထက်စာရင် တိုက်ကွမ်ဒိုက ပိုလက်တွေ့ကျသလို ပိုပြီးလည်း အားသာချက်ရှိတယ်လို့ မှတ်ချက်ပေးနေကြပါတယ်။

ဒီတော့ သူတို့နှစ်ယောက်ကိုသာ ယှဉ်ပြိုင်ခိုင်းလိုက်ရင် ကွီနန်ကပဲနိုင်မှာ အသေအချာပဲဖြစ်ပြီး ကွန်ဖူးသိုင်းသမားလေးကတော့ အခြေအနေကောင်းမယ်မထင်ဘူးလို့ မှတ်ချက်ပေးနေကြတာပါ။

REX

Linn

Source : Youtube , Twitter

READ  ရေခဲပြင်ဟော်ကီပွဲကို ရုပ်တည်ကြီးနဲ့သွားပြီး ချော်လဲခဲ့တဲ့မော်ရင်ဟိုရဲ့ဗီဒီယို