အင်္ဂလန်နိုင်ငံ ၊ စတက်ဖို့ဒ်ရှိုင်းယား ပြည်နယ်မှာနေထိုင်တဲ့ အယ်လ်ဖီ ၀ီလီယံ ဆိုတဲ့ အသက် (၉)နှစ်အရွယ် ကလေးငယ်လေးဟာ ကမ္ဘာ့အသက် အငယ်ဆုံး တိုက်ခိုက်ရေးသမားအဖြစ် မှတ်တမ်းဝင်တော့မှာပါ။ ကိုယ်အလေးချိန် (၄)စတုံသာရှိတဲ့ ကျောင်းသားလေးဟာ သူ့ရဲ့ဖခင်ဖြစ်သူ အကူအညီနဲ့ ကြိုးဝိုင်းတိုက်ခိုက်ရေးသမားဘ၀ကို ၀င်ရောက်လာနေတာဖြစ်ပြီး သူ့ရဲ့ ဒုတိယမြောက်ထိုးသတ်ပွဲဟာ (၂၂)စက္ကန့်သာ ကြာခဲ့ပါတယ်။

ဝီလီယံ ရဲ့ ပထမပွဲဟာ ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ် ဇွန်လ (၁၆) ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီ ပွဲတုန်းက ပြိုင်ဖက်ကို (၂၇) စက္ကန့်နဲ့ အနိုင်ရခဲ့တာပါ။

အဲဒီနောက်မှာတော့ (၅)လကျော်ကြာအောင် လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီး ကြိုးဝိုင်းထဲကို နောက်တစ်ကြိမ် ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပထမတစ်ခါကထက် ပိုပြီး မြန်မြန် ပွဲသိမ်းနိုင်ခဲ့ပြီး စနစ်တကျ ကစားလာနိုင်ခဲ့ပါတယ်။

Youtube

ဝီလီယံရဲ့ ဖခင်ဖြစ်သူဟာ ကြိုးဝိုင်းတိုက်ခိုက်ရေးသမားဟောင်း တစ်ယောက်ဖြစ်ပြီး ၀ီလီယံက ဖခင်ဖြစ်သူရဲ့ လေ့ကျင့်ပေးမှုအောက်မှာ တိုးတက်လာခဲ့တာပါ။

ဝီလီယံက နာမည်ကျော်တိုက်ခိုက်ရေးသမား မက်ဂရီဂေါ်ကို အားကျတဲ့သူဖြစ်ပြီး အသက်ကြီးလာတဲ့အချိန်မှာ မက်ဂရီဂေါ်လို အောင်မြင်မှုမျိုးရဖို့ ရည်ရွယ်နေသူပါ။

ဝီလီယံရဲ့ ဖခင်ဖြစ်တဲ့ ရို့စ် က သူ့ရဲ့သားဖြစ်သူဟာ တိုက်ခိုက်ရေးပညာရပ်တွေကို တစ်နှစ်ကြာအောင် သင်ကြားခဲ့ပြီးတဲ့နောက် ကြိုးဝိုင်းထဲမှာ ယုံကြည်မှုအပြည့်ရှိသူ ဖြစ်လာခဲ့တယ်လို့ ဖွင့်ဟပါတယ်။

သတင်းစာတွေကတော့ ကလေးငယ်တွေအနေနဲ့ ငယ်ရွယ်စဉ်မှာ တိုက်ခိုက်ရေးပညာတွေသင်ပြီး စီးပွားရှာဖို့လုပ်တာက မကောင်းတဲ့အလုပ်ပဲလို့ မှတ်ချက်ပေးနေကြပေမယ့် ၀ီလီယံကတော့ သူ့ရဲ့ တိုက်ခိုက်ရေးပညာတွေကို အသုံးချပြီး ကမ္ဘာ့အသက်အငယ်ဆုံး ကြိုးဝိုင်းတိုက်ခိုက်ရေးသမားဆိုတဲ့ ဂုဏ်ပုဒ်ကို အရယူဖို့ ကြိုးစားနေပါပြီ။

Linn

Source : Mirror

READ  အံ့သြစရာကောင်းတဲ့ ကြံ့ခိုင်မှုကြောင့် ဆိုရှယ်မီဒီယာမှာနာမည်ကြီးနေတဲ့ အမျိုးသား