ပြီးခဲ့တဲ့ စနေနေ့က အမေရိကန်၊ နီဗားဒါးမှာထိုးသတ်ခဲ့တဲ့ တိုင်ဆန်ဖျူရီနဲ့ တွမ်ရှဝါ့ဇ် တို့ရဲ့ ပွဲစဉ်မှာတော့ တိုင်ဆန်ဖျူရီရဲ့ ရုပ်ရှင်ဆန်တဲ့ စွမ်းဆောင်ရည်ဟာ ပရိသတ်တွေအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ အဲဒီပွဲစဉ်မှာ တိုင်ဆန်ဖျူရီက အနိုင်ရရှိသွားခဲ့တာဖြစ်ပြီး ဒုတိယမြောက်အချီမှာပဲ ဒိုင်ပွဲရပ်နဲ့အနိုင်ရသွားခဲ့တာပါ။

အသက် (၃၀)အရွယ် ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံကြီးဟာ ပထမအချီမှာ ဂျာမနီလက်ဝှေ့သမား တွမ်ရှဝပ်ဇ်ရဲ့ လက်သီးချက်တွေကို ခက်ခက်ခဲခဲ ကာကွယ်ခဲ့ရပြီး ဒုတိယအချီမှာတော့ သူက လုံးဝကိုပြောင်းလဲသွားခဲ့ပါတယ်။
ရုပ်သံမြင်ကွင်းတွေမှာတော့ တိုင်ဆန်ဖျူရီ ဟာ ပြိုင်ဖက်ရဲ့ လက်သီးချက် (၇)ချက်ကို (၅) စက္ကန့်အတွင်း ရှောင်နိုင်ခဲ့ပြီး လက်နဲ့မကာပဲနဲ့ အလွတ်ရှောင်ပြခဲ့တဲ့ သူ့ရဲ့စကေးက Matrix ရုပ်ရှင်ထဲက ကျည်ဆံတွေကို ရှောင်ပြနေတဲ့ ကီနူးရိဗ်ကိုတောင် သတိရသွားစေတယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးနေကြတာပါ။
Tyson Fury is 6'9", 263 pounds.
Wow.
(via @trboxing)pic.twitter.com/f7ViAwurEL
— Bleacher Report (@BleacherReport) June 16, 2019
အဲဒီ လက်သီးချက်တွေကို ရှောင်အပြီးမှာတော့ တိုင်ဆန်ဖျူရီက ပြန်လည်ထိုးသတ်မှု ပြုလုပ်ခဲ့ပြီး သူ့ရဲ့လက်သီးချက်ကြောင့် တွမ်ရှဝပ်ဇ်ရဲ့နှာခေါင်းရိုး ကျိုးသွားခဲ့တာပါ။
အဲဒီနောက်မှာတော့ ဒိုင်လူကြီးက ဆက်မထိုးဖို့ဆုံးဖြတ်ခဲ့ပြီး တိုင်ဆန်ဖျူရီကို ဒိုင်ပွဲရပ်နဲ့ အနိုင်ပေးလိုက်တာဖြစ်ပါတယ်။
ဒီ ဗီဒီယိုဖိုင်လေးက ဆိုရှယ်မီဒီယာတွေထက်မှာ နာမည်ကျော်သွားခဲ့ပြီး တိုင်ဆန်ဖျူရီ ဟာ ဘယ်လိုယုံကြည်ချက်မျိုးနဲ့ ဒီလက်သီးချက်တွေကို ရှောင်နိုင်ခဲ့တာလဲလို့ ပရိသတ်တွေက မေးခွန်းထုတ်နေကြပါတယ်။
Tyson Fury slips & slides away from the attack from Tom Schwarz before getting the stoppage pic.twitter.com/2xsxJsbb6P
— RICO Boxing™️ (@RICO_Boxing1) June 16, 2019
Linn
Source : Sportbible