လီဗာပူးလ်နဲ့ပွဲမှာ အာဆင်နယ် ရှုံးနိမ့်ခဲ့တာ ကစားသမားအင်အား ကွာလွန်းလို့သာဖြစ်ပြီး ခြေစွမ်းညံ့ခဲ့လို့ မဟုတ်ပါဘူး။ အူနိုင်းအမ်မရီရဲ့ အာဆင်နယ်ဟာ လူငယ်ကစားသမားများလို့ လျှင်မြန်မှုမှာ ပြိုင်ဘက်အသင်း  တွေထက် အသာရပေမယ့် အတွေ့အကြုံပိုင်း အားနည်းမှုတွေတော့ ရှိနေပါတယ်။ ပရိသတ်တွေ တောင်းဆိုနေ ကြတဲ့ အူဘာမီယန်း၊ လာကာဇက်၊ ပေပေ အတွဲကို ပွဲမထုတ်သေးတာတော့ အံ့သြစရာပါ။

တော့တင်ဟမ်ကတော့ အဝေးကွင်းမှာ မန်စီးတီးကို သရေခံကစားနိုင်ခဲ့လို့ အားလုံးချီးကျူးတာ မဆုံးခင်မှာတင် အိမ်ကွင်းမှာ နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့ပါတယ်။ တော့တင်ဟမ်ရဲ့ အဓိက ပြဿနာကတော့ အဲရစ်ဆင်ရဲ့ အ ပြောင်းအရွှေ့ ကိစ္စပါ။ ပိုချက်တီနိုရဲ့ တော့တင်ဟမ်ကွင်းလယ်လူတွေဟာ လုပ်အားနှုန်းကောင်းသလို ဂိုးသွင်း ခြေလည်းရှိပေမယ့် ဖန်တီးမှုအပိုင်းမှာ အားနည်းပါတယ်။ တိကျတဲ့ ဂိုးဖန်တီးမှုတွေအတွက် အဲရစ်ဆင်ကိုသာ အားထားနေရဆဲဖြစ်တာကို နယူးကာဆယ်နဲ့ ပွဲမှာ အထင်အရှား တွေ့ခဲ့ရပါတယ်။

Arsenal_Youtube
အာဆင်နယ်

အိမ်ကွင်းမှာ တော့တင်ဟမ်ကို ဧည့်ခံကစားခဲ့တဲ့ ပရီမီးယားလိဂ် (၂၇)ပွဲမှာ အာဆင်နယ် (၂)ပွဲသာ ရှုံးနိမ့်ခဲ့ပါ တယ်။

အာဆင်နယ်ဟာ အိမ်ကွင်းမှာ တိုက်စစ်ပိုမို ထက်မြက်လေ့ရှိပြီး အိမ်ကွင်းနောက်ဆုံး(၁၁)ပွဲမှာ (၁၀)ပွဲအထိ အနိမ့်ဆုံး(၂)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်ဟာ ပရီးမီယားလိဂ်မှာ နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း(၁၉)ပွဲမှာ ရှုံးပွဲ(၁)ပွဲသာ ရှိခဲ့ပါတယ်။

(AP Photo/Frank Augstein)
တော့တင်ဟမ်

တော့တင်ဟမ်ဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်း(၇)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေခဲ့ ပါတယ်။

တော့တင်ဟမ် တိုက်စစ်မှူး ဟယ်ရီကိန်းကတော့ အာဆင်နယ်နဲ့ ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲတွေမှာ ခြေစွမ်းအထူးပြနိုင်လေ့ရှိပြီး မြောက်လန်ဒန်ဒါဘီပွဲတွေမှာ (၉)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

တော့တင်ဟမ်နဲ့ အာဆင်နယ် ကစားတဲ့ မြောက်လန်ဒန်ဒါဘီပွဲတွေမှာ စုစုပေါင်း ပင်နယ်တီ ဂိုး(၁၈)ဂိုးအထိ ရှိခဲ့ပါတယ်။

Matchday 4 – London Derby (H2H Highlights)

ဒီတပတ် ပရီးမီးယားလိဂ်ပွဲစဉ် (၄) မှာလည်း အာဆင်နယ်နဲ့ စပါး တို့ရဲ့ လန်ဒန်ဒါဘီ ပွဲကြီးပွဲကောင်း ရှိနေပြန်တော့… သူတို့ (၂)သင်းရဲ့ ပြီးခဲ့တဲ့ (၂)ရာသီအတွင်းတွေ့ဆုံခဲ့တဲ့ ပွဲတွေက သွင်းဂိုးတွေကို SportsAhtar ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်နော်…ဒါနဲ့ ထုံးစံအတိုင်း Video ထဲမှာ Poll လေး လုပ်ထားလို့ ဖြေပေးသွားကြပါဦး

Posted by SportsAhtar on Friday, 30 August 2019

Arsenal_Com
သုံးသပ်ချက်

နှစ်သင်းစလုံးဟာ ရာသီအစမှာ တာထွက်ကောင်းပြီး ဟုတ်မလိုလိုနဲ့ ပြီးခဲ့တဲ့ ပွဲတွေမှာတော့ အဖျားရှုးခဲ့ကြပါ တယ်။ ဒါပေမယ့် လက်ရှိခြေစွမ်းတွေအရတော့ အဲရစ်ဆင်ရဲ့ အပြောင်းအရွှေ့ကိစ္စကြောင့် ဗျာများနေတဲ့ တော့ တင်ဟမ်ထက် အာဆင်နယ်က ပိုတည်ငြိမ်နေပါတယ်။ မြောက်လန်ဒန်ဒါဘီမှာ အိမ်ရှင်အသင်းတွေ ပိုမိုအသာရ လေ့ရှိတဲ့ အစဉ်အလာအတိုင်း ဒီတစ်ပွဲမှာလည်း အာဆင်နယ်ပဲ အသာရသွားမှာဖြစ်ပြီး အပြန်အလှန် သွင်းဂိုးတွေ မြင်ရမှာပါ။

Finn

READ  ဒီညကစားမဲ့ လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် (၂၈/၉/၂၀၁၉)