နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၂)ပွဲစလုံးမှာ ဘန်လေ နိုင်ပွဲပျောက်ဆုံးခဲ့ပေမယ့် ကစားပုံကောင်းခဲ့ ပါတယ်။ အဝေးကွင်းတွေမှာ အာဆင်နယ်ကို (၂-၁)ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ၀ုလ်ဗ်ကို ခြေစွမ်းအသာနဲ့ (၁-၁)သရေ ရလဒ်ထွက်အောင် ကစားနိုင်ခဲ့တဲ့ ဘန်လေခြေစွမ်းက လျှော့တွက်လို့ မရပါဘူး။ ဒါ့အပြင် ဒီရာသီအတွက် ကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၄)ပွဲစလုံးမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ဘန်လေရဲ့တိုက်စစ်ကစားပုံဟာ တစ်ပွဲတစ်ဂိုးနှုန်းလောက် ပုံ မှန်ပေးနေရတဲ့ လီဗာပူးလ်ခံစစ်ကို ဖိအားပေးနိုင်ဖို့ သေချာနေပါတယ်။

ဒီနှစ် ပရီးမီယားလိဂ်ပြိုင်ပွဲမှာ ရာနှုန်းပြည့်အနိုင်ရထားတဲ့ လီဗာပူးလ်ကတော့ ခံစစ်ပိုင်းမှာ ပြဿနာတွေရှိနေပါ တယ်။ အယ်လီဆန် ဒဏ်ရာရသွားတာက လီဗာပူးလ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်ပြီး အရန်ဂိုးသ မား အက်ဒရီယန်ဟာ လက်ရှိအချိန်အထိ ခံစစ်ကစားသမားတွေနဲ့ နားလည်မှု မတည်ဆောက်နိုင်သေးပါဘူး။ ခံစစ်ပိုင်း အားနည်းနေတာကလွဲလို့ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ကတော့ မနှစ်ကထက်တောင် စုစည်းမှုနဲ့ နားလည်မှု ပိုကောင်းလာတာကို တွေ့ရပါတယ်။

Burnley Football Club
ဘန်လေ

ဘန်လေအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၇)ပွဲမှာ (၁)ပွဲသာ နိုင်ပွဲရခဲ့ပါတယ်။

နည်းပြ ရှောင်ဒိုက်ခ်ျရဲ့ ဘန်လေအသင်းဟာ နည်းပြ ကလော့ပ်ကိုင်တွယ်နေတဲ့ လီဗာပူလ်းအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ (၆)ကြိမ်စလုံးမှာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဘန်လေဟာ လီဗာပူးလ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်(၁၀)ပွဲမှာ နိုင်ပွဲ(၁)ပွဲနဲ သရေ(၁)ပွဲသာရှိခဲ့ပြီး (၈)ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။

(AP Photo/Dave Thompson)
လီဗာပူးလ်

လီဗာပူးလ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၄၂)ပွဲမှာ ရှုံးပွဲ(၁)ပွဲသာ ရှိခဲ့ပြီး သရေ(၇)ပွဲနဲ့ နိုင်ပွဲ(၃၄)ပွဲ အထိ ရှိခဲ့ပါတယ်။

ဒီပွဲမှာသာ လီဗာပူးလ်အနိုင်ရခဲ့ရင် (၂၀၁၄)ခုနှစ်က ရရှိခဲ့တဲ့ အဝေးကွင်း(၆)ပွဲဆက် အနိုင်ရခဲ့တဲ့ စံချိန်နဲ့ တူညီ သွားမှာပါဖြစ်ပါတယ်။

လီဗာပူးလ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၁၂)ပွဲမှာ တစ်ပွဲကို အနိမ့်ဆုံး(၂)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

(AP Photo/Rui Vieira)
သုံးသပ်ချက်

လီဗာပူးလ်ဟာ ရာနှုန်းပြည့် နိုင်ပွဲရရှိထားပေမယ့် ကစားပုံမှာတော့ အားနည်းချက်တွေ ရှိနေပါတယ်။ ဘန်လေ ဟာ ကြားရက်မှာ ဆန်းဒါလန်းကို(၃-၁)နဲ့ ရှုံးခဲ့တဲ့ လိဂ်ဖလားပွဲမှာ အဓိက ကစားသမားတွေကို အနားပေးခဲ့ပြီး ဘန်လေနည်းပြ ရှောင်ဒိုက်ခ်ျဟာ လီဗာပူးလ်နဲ့ပွဲအတွက် ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ ပွဲတိုင်း ဂိုးသွင်းနိုင်သလို ဂိုးလည်းပေးခဲ့ရတဲ့ လီဗာပူးလ်အသင်းကြောင့် ဒီပွဲမှာ အပြန်အလှန် သွင်းဂိုးတွေ မြင်ရမှာဖြစ်ပြီး လီဗာပူးလ် ဂိုးမ ပြတ်ပဲ ကပ်အနိုင်ရသွားမှာပါ။

Finn

READ  ဒီညယှဉ်ပြိုင်ကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် (၅/၁၀/၂၀၁၉)