ဒီနေ့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်က လန်ဒန်မြို့သားတွေဖြစ်တဲ့ စပါးအသင်းအတွက်တော့ သေရေးရှင်ရေးပွဲစဉ်ပဲ ဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ အိမ်ကွင်း နူးကမ့်ကွင်းမှာ သွားရောက်ကစားရမှာပါ။

ဘာစီလိုနာအသင်းက နောက်တစ်ဆင့်ကို တက်လှမ်းသွားရပြီဖြစ်လို့ အိမ်ကွင်းမှာ စိတ်အေးလက်အေး ကစားမှာဖြစ်ပေမယ့် ပိုချက်တီနိုရဲ့ စပါးအသင်းကတော့ အနိုင်ရကာမှ နောက်တစ်ဆင့်ကို တက်နိုင်မယ့်အခွင့်အရေးရှိနေတာပါ။

ဘာစီလိုနာ
Twitter

ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီကတော့အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ ဆွာရက်ဇ်နဲ့ မက်ဆီကို ပွဲထုတ်ဖို့မသေချာဘူးလို့ အရိပ်အမြွက်ပြောထားပါတယ်။ တိုက်စစ်မှာ ကော်တင်ဟို ၊ ဒမ်ဘီလီ နဲ့ ဟက်ဒါဒီ တို့ကို ပွဲထုတ်လာဖို့ရှိနေပြီး ကွင်းလယ်မှာ အာသာ၊ ဘက်စ်ကွက်ဇ် နဲ့ ရာကီတစ်တို့ ပွဲထွက်လာမှာပါ။အမ်တီတီ ၊ ရာဖင်ဟာနဲ့ ဆာဂျီရော်ဘတ်တို တို့ ဒဏ်ရာရနေတဲ့ ခံစစ်ပိုင်းမှာ ဗာမယ်လန်နဲ့ လန်းဂလက် တို့ပွဲထွက်လာမှာဖြစ်ပြီး ဂျော်ဒီအယ်လ်ဘာ ၊ ဆီမီဒို တို့ကို ဘယ်ညာခံစစ်တွေမှာတွေ့ရပါလိမ့်မယ်။

စပါး
Twitter

စပါးအသင်းမှာတော့ သူတို့ရဲ့ အဓိက ကစားသမားတွေ အကုန်ပါမှာပါ။ ထရစ်ပီယာ၊ အော်ရေးရား၊ ၀မ်ညာမာနဲ့ ဒမ်ဘီလီတို့ ဒဏ်ရာတွေရှိနေတာက စပါးကို အနည်းငယ် အားလျော့သွားစေပေမယ့် စပါးကွင်းလယ်မှာ ကစားသမားကောင်းတွေရှိနေပါသေးတယ်။ ပိုချက်တီနိုက ဘာစီလိုနာရဲ့ ကွင်းလယ်ကို ထိန်းချုပ်နိုင်ဖို့အတွက် ၃-၅-၂ ပုံစံကို အသုံးပြုဖွယ်ရှိပြီး တိုက်စစ်မှာ ဟယ်ရီကိန်းနဲ့ မိုရာကို တွဲကာ ပွဲထွက်လာနိုင်ပါတယ်။ သူတို့ရဲ့နောက်မှာတော့ အယ်လီကနောက်ချန်တိုက်စစ်အဖြစ် ကစားမှာဖြစ်ပြီး အဲရစ်ဆင်၊ ဟယ်ရီဝင့်ခ် ၊ ဝေါ်လ်ကာနဲ့ ဒန်နီရို့စ်တို့က ကွင်းလယ် (၄) ယောက်တန်းအဖြစ် ကစားမှာပါ။ အယ်လ်ဒါဝီး၊ ဒိုင်ယာနဲ့ ဗာတွန်ဂန်တို့ကတော့ ခံစစ်မှာရှိနေကြပါလိမ့်မယ်။

သုံးသပ်ချက်
Twitter

ဘာစီလိုနာက ဒီရာသီချန်ပီယံလိဂ်မှာ ရှုံးပွဲတစ်ပွဲမှ မရှိသေးပဲ စပါးကတော့ နောက်ပိုင်းပွဲတွေမှာမှ နိုင်ပွဲတွေရှာတွေ့ခဲ့လို့ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်ရှိလာခဲ့တာပါ။ ဘာစီလိုနာက ပြီးခဲ့တဲ့ အိမ်ကွင်းပွဲတွေမှာ ပေးဂိုးမရှိအောင် ကစားထားနိုင်ခဲ့ပြီး စပါးကတော့ အဝေးကွင်းပွဲစဉ်တွေမှာ ဂိုးတွေဆက်တိုက်ပေးနေခဲ့ရပါတယ်။

ဘာစီလိုနာတိုက်စစ်က မက်ဆီ၊ ဆွာရက်ဇ်တို့မပါရင် အားနည်းနေမှာသေချာပြီး စပါးဖက်က အခွင့်အရေးရှိနေတာတော့အမှန်ပဲ။ ဒါပေမယ့် ကွင်းလယ်မှာ အဲရစ်ဆင် တစ်ယောက်ကလွဲရင် ဟယ်ရီဝင့်ခ် ၊ ဒန်နီရို့စ်တို့က ဘာစီလိုနာကွင်းလယ်နဲ့ယှဉ်ဖို့ အားနည်းလွန်းတယ်။ စပါးအသင်းနိုင်သွားနိုင်ချေရှိပေမယ့် အခြေအနေတွေအရတော့ သရေနဲ့ပဲ အဆုံးသတ်သွားဖို့များပါတယ်။

Linn

Source : WhoScored

 

READ  ပြင်သစ်မြေမှာ လီဗာပူးလ်တို့ အခြေအနေကောင်းပါ့မလား