လီဗာပူးလ်
Twitter

လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှာ မာနေး၊ ဖာမီနိုနဲ့ ဆာလက်တို့ ပွဲထွက်လာမှာဖြစ်ပြီး ကလော့ပ်ဟာ သူ့ရဲ့အကောင်းဆုံး လူစာရင်းကိုပဲ ဒီပွဲမှာ သုံးမှာပါ။ ကွင်းလယ်မှာတော့ ရှာကွီရီ၊ ကီတာတို့ထက် အတွေ့အကြုံပိုများတဲ့ ၀စ်နယ်ဒန် ၊ ဟန်ဒါဆင်နဲ့ မီလ်နာ တို့ကို သုံးဖို့များနေပြီး နာပိုလီရဲ့ ကြမ်းကြမ်းတမ်းတမ်း ကစားတတ်တဲ့ကွင်းလယ်ကို ထိန်းချုပ်ဖို့ ကြိုးစားပါလိမ့်မယ်။ ခံစစ်မှာ ဂိုမက်ဇ် ဒဏ်ရာရနေလို့ မာတစ်နဲ့ ဗန်ဒိုက် တွဲကစားမှာဖြစ်ပြီး ဘယ်ညာခံစစ်တွေမှာတော့ အာနိုးလ်နဲ့ ရော်ဘတ်ဆင် တို့က ပါဝင်လာမှာဖြစ်ပါတယ်။

နာပီုလီ
Twitter

နာပိုလီအသင်းက တိုက်စစ်မှာ မီလစ် ကို ချန်ထားခဲ့နိုင်ပြီး တန်ပြန်တိုက်စစ်ကို သေချာကစားတတ်တဲ့ အင်ဆစ်ဂ်နီနဲ့ မာတန်စ် တို့ကိုပဲ ပွဲထုတ်လာဖို့ရှိပါတယ်။ ကွင်းလယ်မှာတော့ ကယ်လီဂျွန် ၊ အလန် ၊ ဟမ်ဆစ်နဲ့ ဖေဘီယန် ရုဇ် တို့ ပါဝင်လာဖို့များပါတယ်။ ဖရိုစီနိုနီနဲ့ ပွဲကို အရန်ကစားသမားတွေသာ ပွဲထုတ်ခဲ့တဲ့ အန်ဆယ်လော့တီ ဟာ ဒီပွဲကို သေချာအာရုံစိုက်သွားဖို့ ပြင်ဆင်နေတာ သိသာစေခဲ့ပြီး ခံစစ်မှာတော့ အယ်လ်ဘီယို  ၊ ကူလီဘာလေ ၊ မက်ဆီမိုဗစ် နဲ့ မာရီယို ရူအီ တို့ကို ပွဲထုတ်မှာပါ။

အချက်အလက်များ

*လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံး (၁၆) ပွဲမှာ သွင်းဂိုးအများဖြစ်ခဲ့တဲ့ပွဲက (၁၃) ပွဲရှိခဲ့ပြီး အဲဒီပွဲတွေမှာ နှစ်သင်းပေါင်းသွင်းဂိုး (၂)ဂိုးအထက်ရှိခဲ့ပါတယ်။

*နာပိုလီအသင်းဟာ သူတို့ကစားခဲ့တဲ့ ချန်ပီယံလိဂ်နောက်ဆုံး (၅) ပွဲဆက် ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့ပါတယ်။

Twitter
သုံးသပ်ချက်

ကလော့ပ်အတွက်တော့ ဒီပွဲဟာ ဂိုးမပေးရပဲနဲ့ နိုင်ချင်နိုင်၊ ဒီလိုမှ မဟုတ်ရင် (၂) ဂိုးပြတ်ပြီး နိုင်မှ နောက်တစ်ဆင့်တက်နိုင်မယ့် အနေအထားမျိုးပါ။ ဒီအခြေအနေမှာ လီဗာပူးလ် အဲဒီလိုရလဒ်မျိုးနိုင်ပါ့မလား။

လီဗာပူးလ်ဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ် (၅) ပွဲမှာ ဂိုးမပေးရတဲ့ပွဲ တစ်ပွဲသာ ရှိခဲ့ပြီး အဲဒီပွဲကလည်း ဇဗက်ဒါ အသင်းနဲ့ ကစားခဲ့ရတဲ့ ပွဲပါ။ ဗန်ဒိုက်နဲ့ ဂိုမက်ဇ်တို့ရဲ့ ပရီးမီးယားလိဂ်မှာ မာကျောလှပါတယ်ဆိုတဲ့ ခံစစ်က ဥရောပ ပွဲစဉ်တွေမှာတော့ အထာမကျပဲ ဖြစ်နေပြီး လျှင်မြန်တဲ့ တိုက်စစ်ကစားသမားတွေကို အခွင့်အရေးတွေ ပေးနေရပါတယ်။

နာပိုလီအသင်းကနေ အုပ်စုပွဲစဉ်တွေမှာ ရှုံးပွဲမရှိအောင် ကစားထားနိုင်ပြီး အဝေးကွင်းပွဲစဉ် (၂) ပွဲမှာ သရေရလဒ်တွေ ရယူထားနိုင်ခဲ့တယ်။ ပထမအကျော့ပွဲစဉ်ဖြစ်တဲ့ နာပိုလီ-လီဗာပူးလ်ပွဲစဉ်မှာလည်း နာပိုလီက ဘောလုံးပိုင်ဆိုင်မှုအသာ ၊ ဂိုးကန်ခွင့်အသာ ရခဲ့ပြီး (၁-၀) နဲ့ အနိုင်ရခဲ့တာပါ။

Twitter

နာပိုလီက ခံစစ်ပိတ်ကစားတတ်တဲ့အသင်းမျိုးမဟုတ်လို့ လီဗာပူးလ်ကို အပြန်အလှန်ကစားဖို့ ကြိုးစားမှာဖြစ်ပြီး ဂိုးမရှိ သရေရလဒ်ကို ပိုင်ဆိုင်ဖို့ထက် သွင်းဂိုးတွေသွင်းပြီး ဖိအားပေးနိုင်ဖို့ကို ကြိုးစားမှာပါ။

တိုက်စစ်မှာ ဆာလက်၊ မာနေး၊ ဖာမီနိုအတွဲကောင်းသလို နာပိုလီရဲ့ မာတန်စ်နဲ့ အင်ဆစ်ဂ်နီ တို့ကလည်း မြန်ပါတယ်။ ကွင်းလယ်မှာလည်း ကယ်လီဂျွန် ၊ ဟမ်ဆစ်၊ အလန် တို့က ချန်ပီယံလိဂ်အတွေ့အကြုံများသူတွေဖြစ်ပြီး မီလ်နာ တို့ ဟန်ဒါဆင် တို့နဲ့ အပြန်အလှန်ကစားနိုင်စွမ်းရှိမှာပါ။

ခံစစ်ပိုင်းကလည်း ညီတူညီမျှလောက်ပါပဲ။ ဂိုမက်ဇ်မပါလို့ လီဗာပူးလ်ကတောင် နည်းနည်းအားနည်းနေဦးမယ့် အခြေအနေပါ။

နာပိုလီရဲ့ လျှင်မြန်တဲ့ တိုက်စစ်ကြောင့် လီဗာပူးလ်ကျိန်းသေပေါက် ဂိုးပေးရနိုင်ဖို့ရှိနေပြီး ဒီပွဲက သရေကျသွားနိုင်တဲ့ ပွဲမျိုးပါ။ နောက်တစ်ဆင့်ကိုလည်းလီဗာပူးလ်တွေ တက်နိုင်မယ်လို့ မထင်မိဘူး။

Twitter

Linn

Source : Whoscored

READ  မော်ရင်ဟိုနဲ့ ရော်နယ်ဒို တို့အတွက် ကံကောင်းတဲ့နေ့တစ်နေ့ ဖြစ်လာပါ့မလား