ယနေ့မနက်ပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ ဘာစီလိုနာတို့ရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မန်ယူအသင်းဟာ ဧည့်သည်ဘာစီလိုနာအသင်းကို ပွဲချိန်(၁၂)မိနစ်မှာ ခွင့်ပြုလိုက်ရတဲ့ လုခ်ရှောရဲ့ OG ကြောင့် နစ်နာခဲ့ရပါတယ်။

အဲဒီပွဲမှာ လီဗာပူးကစားသမားဟောင်း ကော်တင်ဟိုလည်း ပထမ(၁၁)ယောက် စာရင်းမှာ ပွဲထွက်လာခဲ့ပါတယ်။ မန်ယူပရိသတ်တွေဟာ ကော်တင်ဟို ဘောလုံးထိလိုက်တိုင်း၊ ကျယ်လောင်စွာ အသံတွေပြု လှောင်ပြောင်ခဲ့ပါတယ်။

ဒီလုပ်ရပ်ကြောင့် စိတ်ခုသွားနိုင်တဲ့ ကော်တင်ဟိုဟာ  နွေရာသီအပြောင်းအရွှေ့မှာ မန်ယူအသင်းကို မရွေးချယ်တော့မှာကို စိုးရိမ်စရာရှိနေပါတယ်။ မန်ယူပရိသတ်တွေဟာ ရန်သူတော် လီဗာပူးကစားသမားဟောင်းဖြစ်တဲ့ ဆွာရက်ဇ်ကိုလည်း အခုလို လှောင်ပြောင်မှုတွေ လုပ်ခဲ့ပေမယ့် ဒါက သိပ်ပြီးထိခိုက်စရာမရှိပါဘူး။

AP Photo/Dave Thompson

မန်ယူအသင်းတာဝန်ရှိသူတွေဟာ ဘာစီလိုနာနဲ့ သိပ်အံမဝင်ဖြစ်နေတဲ့ ကော်တင်ဟိုကို အခုနှစ်နွေရာသီအပြောင်းအရွှေါ်မှာ ခေါ်ယူဖို့ မှန်းဆနေပါတယ်။ အခု မန်ယူနဲ့ပွဲဟာ ကော်တင်ဟိုအတွက် လီဗာပူးက ထွက်ခွာသွားပြီးကတည်းက ပထမဆုံးပြန်လည် ရင်ဆိုင်ရတဲ့ ပွဲတစ်ခုပါ။

သူဟာ ယမန်နှစ်ဇန်နဝါရီလက စပိန်ထိပ်သီးကလပ် ဘာစီလိုနာကို ပြောင်းရွှေ့ကြေး ပေါင် (၁၄၂)သန်းနဲ့ ရောက်ရှိသွားသူ ဖြစ်ပါတယ်။ ဘာကာပရိသတ်ကလည်း သူ့အပေါ်အများကြီး မျှော်လင့်ထားသော်လည်း၊ သူက အသင်းမှာ ပုံမှန်နေရာမရတဲ့ ကစားသမားဘဝကို ရောက်ခဲ့ရပြီး၊ ဘာစီလိုနာဘုတ်အဖွဲ့ကိုယ်တိုင်က ယခုနှစ်မှာပဲ ပြန်ရောင်းထုတ်ဖို့ ရှိနေပါတယ်။

 

လင်းသုတ (SportAhtar)

Source : mirror.co.uk

 

READ  မက်ဆီကို ဘယ်လိုရင်ဆိုင်ရမလဲ မသိသေးကြောင်း ထုတ်ဖော်ပြောကြားလိုက်တဲ့ ဗန်ဒိုက်