လာမယ့် ဗုဒ္ဓဟူးနေ့နံနက် (၂း၃၀) အချိန်မှာ မန်ယူအသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ပြိုင်ပွဲရဲ့ ပထမအကျော့ပွဲစဉ်အဖြစ် PSG ကို အိမ်ကွင်းမှာ လက်ခံကစားရတော့မှာပါ။

နည်းပြ မော်ရင်ဟို ရဲ့ လက်ထက် ၊ မဲခွဲပွဲရလဒ်တွေ ထွက်ပေါ်လာတဲ့အချိန်မှာ မန်ယူအသင်း ကျိန်းသေပေါက် ဒီအဆင့်ကနေ လှည့်ပြန်ရလိမ့်မယ်လို့ အားလုံးက ထင်ခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့ အခြေအနေတွေက ပြောင်းပြန်ဖြစ်ကုန်ကြပါပြီ။

အထူးသဖြင့် PSG ရဲ့ အကောင်းဆုံး တိုက်စစ်မှူး နှစ်ယောက် ဖြစ်တဲ့ နေမာ နဲ့ ကာဗာနီ တို့ ဒဏ်ရာရနေမှုဟာ မန်ယူအသင်းအတွက် အကြီးမားဆုံး အားသာချက်ဖြစ်လာဖို့ရှိနေပြီး ဘက်ပီ တစ်ယောက်တည်းနဲ့ မန်ယူခံစစ်ကို ဘယ်လို ကျော်ဖြတ်မလဲဆိုတာကလည်း အားလုံးအတွက် စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။

SkySports

ဘော်ဒိုးနဲ့ပွဲမှာ PSG နောက်ခံကစားသမား ဒဏ်ရာရရှိသွားချိန်မှာတော့ PSG အသင်းရဲ့ လူစာရင်းဟာ အမှန်တကယ်ပဲ ပြဿနာတွေရှိသွားခဲ့တာပါ။ အသင်းရဲ့ အဓိက ကွင်းလယ်လူ ဗာရက်တီ ကြံ့ခိုင်မှု မပြည့်တဲ့အနေအထားမှာ PSG ကွင်းလယ်အတွက် အားကိုးလောက်စရာ ကွင်းလယ်လူ ဆိုလို့ ဒီမာရီယာနဲ့ ဒရက်စ်လာ တို့ပဲ ရှိတော့သလို တိုက်စစ်မှာလည်း ဘက်ပီ တစ်ယောက်ပဲ ရှိတော့တာပါ။

SkySports

ဒီအပြောင်းအရွှေ့မှာ အသစ်ခေါ်ယူထားတဲ့ ကွင်းလယ်လူ ပါရီဒက်စ်ကို အားကိုးရမှာဖြစ်ပေမယ့် သူ့ရဲ့ခြေစွမ်းက PSG နဲ့ ချက်ချင်းကြီး အံဝင်ဖို့ မဖြစ်နိုင်သေးပါဘူး။ စတုခ်စီးတီးကနေ ခေါ်ထားတဲ့ ချုပိုမိုတင်း ဆိုတာကလည်း ဒုတိယတန်းအဆင့်လောက်သာ ရှိတာမို့ PSG ဟာ မန်ယူနဲ့ ယှဉ်လိုက်ရင် နေရာတိုင်းမှာ အားနည်းနေနိုင်ပါတယ်။

ဒီလိုအခြေအနေမှာ ဆိုးလ်ရှားရဲ့လက်ထက် ၊ ခြေစွမ်းပြနေတဲ့ မန်ယူအသင်းကို ကျော်ဖြတ်ဖို့ဆိုတာ PSG အတွက် မဖြစ်နိုင်တဲ့အနေအထားပဲလို့တောင် သုံးသပ်မှုတွေ ရှိနေပြီး ဘက်ပီ တစ်ယောက်တည်းနဲ့တော့ မန်ယူကို တွန်းလှန်ဖို့မဖြစ်နိုင်ဘူးလို့တောင် ဆိုချင်တာပါပဲ။

AP

Linn

Source : Goal

READ  ပြင်သစ်မြေမှာ လီဗာပူးလ်တို့ အခြေအနေကောင်းပါ့မလား