ချယ်လ်ဆီးအသင်းရဲ့ နည်းပြလမ်းပတ်အတွက် စတမ်းဖို့ဒ်ခ်ျကွင်း ဈေးဦးပေါက်ပွဲစဉ် ဖြစ်တာကြောင့် အကောင်း ဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ထားမှာ သေချာနေပါတယ်။ ဒီပွဲရလဒ်ဟာ သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ တိုက်ရိုက်အချိုး ကျနေသလို ချယ်လ်ဆီးပရိသတ်တွေရဲ့ အားပေးမှုအတွက်လည်း အရေးကြီးနေပါတယ်။ နည်းပြဟောင်း ဗီယာ လီနောက်ပိုင်းမှာ ဘယ်ချယ်လ်ဆီးနည်းပြမှ ပရီးမီးယားလိဂ်အဖွင့်(၂)ပွဲဆက် နိုင်ပွဲပျောက်တဲ့ အဖြစ်မျိုး မရှိခဲ့ တာကြောင့် လမ်းပတ်အတွက် သရေတစ်မှတ်ရခဲ့ရင်တောင် ဖိအားတွေ ပိုများလာနိုင်ပါတယ်။

ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန်ရောက်လာတဲ့ ဘရန်ဒန်ရော်ဂျာကတော့ လက်စတာအသင်းကို ခံစစ်၊ တိုက် စစ်မျှပြီး အသင်းလိုက်စုစည်းမှု ကောင်းအောင် ကိုင်တွယ်ထားနိုင်တာကို တွေ့ရပါတယ်။ မက်ဂွိုင်းယား မရှိ တော့ပေမယ့်လည်း လက်စတာအသင်းရဲ့ စုဖွဲ့မှုဟာ အားလျော့သွားဖို့ မရှိပဲ ကစားသမားကောင်းတွကို အား ဖြည့် နိုင်ခဲ့ပါတယ်။ လီဗာပူးလ်နည်းပြဘ၀တုန်းက အနိုင်မယူနိုင်ခဲ့တဲ့ ချယ်ဆီးကို လက်စတာနည်းပြဘ၀မှာ ရော်ဂျာအနိုင်ယူနိုင်မလား စောင့်ကြည့်သွားရမှာပါ။

ChelseaFC.Com
ချယ်လ်ဆီး

နောက်ဆုံး (၁၆)ရာသီမှာ ကစားခဲ့တဲ့ ပရီးမီယားလိဂ် အိမ်ကွင်းအဖွင့်ပွဲတွေမှာ ချယ်လ်ဆီးဟာ နိုင်ပွဲ(၁၄)ပွဲ အထိ ရှိခဲ့ပြီး (၁)သရေကျကာ (၁)ပွဲသာ ရှုံးခဲ့ပါတယ်။

ချယ်လ်ဆီး နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း(၂၂)ပွဲမှာ ရှုံးပွဲ(၁)ပွဲသာရှိပြီး (၁၃)ပွဲနိုင် (၈)ပွဲ သရေကျခဲ့ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးကို အနိုင်ယူခဲ့တဲ့ အသင်းက လက်စတာပါ။

၁၉၉၅-၁၉၉၆ ဘောလုံးရာသီနောက်ပိုင်း ချယ်လ်ဆီးဟာ အိမ်ကွင်းအဖွင့်ပွဲစဉ် ပွဲတိုင်းမှာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

LecisterCity/Twitter
လက်စတာ

လက်စတာဟာ ချယ်လ်ဆီးနဲ့ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီယားလိဂ်(၅၀)ပွဲမှာ (၅)ပွဲသာ နိုင်ခဲ့ပြီး (၁၂)ပွဲသ ရေနဲ့ (၃၃)ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။

ဘရန်ဒန်ရော်ဂျာဟာ လီဗာပူးလ်နည်းပြဘ၀တုန်းက ချယ်လ်ဆီးနဲ့ (၁၂)ပွဲရင်ဆိုင်ခဲ့ရာမှာ တစ်ပွဲမှ မနိုင်ခဲ့ပဲ (၆)ပွဲ သရေကျပြီး (၆)ပွဲရှုံးခဲ့ပါတယ်။

ဒီပွဲဟာ လက်စတာအသင်းအတွက် ပရီးမီးယားလိဂ်ပွဲ(၅၀၀)ပြည့်တဲ့ (၁၆)သင်းမြောက် အသင်းအဖြစ် မှတ် တမ်းဝင်စေမယ့်ပွဲပါ။

ChelseaFC.Com
သုံးသပ်ချက်

လမ်းပတ်ရဲ့ ဂုဏ်သိက္ခာအတွက် ဒီပွဲရလဒ်ဟာ အရမ်းကို အရေးကြီးနေပါတယ်။ ဒီပွဲ ခြေချော်လက်ချော်ဖြစ်ပြီး ရှုံးခဲ့ရင် လမ်းပတ်ရဲ့ ချယ်လ်ဆီးနည်းပြရာထူး တည်မြဲရေးဟာ စိုးရိမ်ရေမှတ်ကို ရောက်သွားမှာပါ။ ဘရန်ဒန် ရော်ဂျာရဲ့ လက်စတာကလည်း အသင်းကောင်းတစ်သင်းဖြစ်သလို လက်ရှိခြေစွမ်းအရဆို ချယ်လ်ဆီးထက် အောင် ပိုကောင်းနေပါသေးတယ်။ အပြန်အလှန် ဂိုးတွေသွင်းပြီး ဖိအားတွေအောက်က ရုန်းထွက်မယ့် လမ်း ပတ်ရဲ့ ချယ်လ်ဆီးပဲ အနိုင်ရသွားမှာပါ။

Finn

 

READ  ကစားသမားသစ်မရှိတဲ့စပါး ၊ နယူးကာဆယ်ကို နိုင်ပါ့မလား….