အာဆင်နယ် VS နာပိုလီ

ပရီးမီယားလိဂ်မှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်မှာတော့ ရလဒ်ကောင်းတွေရဖို့ အတော်လေး လုံးပန်းနေတာကို တွေ့ရပါတယ်။ အခု ကွာတားဖိုင်နယ် ပထမအကျော့မှာ ခြေမာတဲ့ နာပိုလီကို အာဆင်နယ်တို့ ကျော်ဖြတ်နိုင်ပါ့မလားဆိုတာ နည်းနည်းတော့ ချင့်ချိန်စရာပါ။

ဒါပေမယ့် အာဆင်နယ်တို့ဟာ အိမ်ကွင်းပွဲတိုင်းမှာ ရလဒ်ကောင်းတွေ ရနေတယ်ဆိုတာ သံသယ ဖြစ်ဖွယ်ရာမရှိပါဘူး။ ကမ္ဘာကျော်လောင်းကစားဝက်ဘ်ဆိုဒ် forebet.com ကတော့ အာဆင်နယ်က (၃-၁)ရလဒ်နဲ့ ပြတ်ပြတ်သားသား ဦးဆောင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ အာဆင်နယ်ရဲ့ နိုင်ခြေကတော့ (40)%အထိ ရှိနေပြီး၊ သရေကျနိုင်ခြေကတော့ (35)%၊ နာပိုလီနိုင်ခြေ (၂၅)% ဖြစ်ပါတယ်။

AP Photo/Alastair Grant
ဆလာဗီယာပရာဟာ VS ချယ်လ်ဆီး

ယခုနှစ်မှာ ခြေစွမ်းပိုင်း မာကျောမှုအပြည့်နဲ့ ပြိုင်ဘက်တွေကို ဒုက္ခပေးနေတာကတော့ ချက်ကလပ် ဆလာဗီယာပရာဟာ အသင်းပဲ ဖြစ်ပါတယ်။ ချက်ပထမတန်းမှာတော့ ပရာဟာအသင်းဟာ ထိပ်ဆုံးက ဦးဆောင်နေပြီး နောက်ဆုံး(၅)ပွဲမှာ လေးပွဲနိုင် တစ်ပွဲသရေရလဒ်နဲ့ အတော်လေး အခြေအနေကောင်းထားပါတယ်။

ဒါပေမယ့် ခြေစွမ်းပိုင်းပိုပြီး မာကျောတဲ့ချယ်လ်ဆီးအသင်းကို ယှဉ်နိုင်ဖို့တော့မရှိပါဘူး။ ချယ်လ်ဆီးအသင်းက (၁-၂)ရလဒ်နဲ့ အဝေးကွင်းနိုင်ပွဲ ရယူသွားလိမ့်မယ်လို့ forebet.com က ခန့်မှန်းထားပါတယ်။ ချယ်လ်ဆီးအသင်းနိုင်ခြေ (51)% ဖြစ်ပြီး သရေကျနိုင်မှု (30)%၊ ပရာဟာအသင်းနိုင်ခြေ (19)% ဖြစ်ပါတယ်။

 

နတ်စည်တော် (SportAhtar)

Source : .forebet.com

READ  နာပိုလီနဲ့ပွဲစဉ်ဟာ ယခုနှစ်ဘောလုံးရာသီအတွက် ရမ်ဆေးရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်နိုင်