ဗီလာရီးယဲ VS ဗလင်စီယာ

ဗီလာရီးယဲအသင်းဟာ ဗလင်စီယာအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဆိုပေမယ့် လက်ရှိခြေစွမ်းအရတော့ ဧည့်သည်ဗလင်စီယာကို ပိုသဘောကျနေပါတယ်။. ဗီလာရီးယဲဟာ နောက်ဆုံးကစားခဲ့တဲ့ လာလီဂါ(၅)ပွဲမှာ နှစ်ပွဲသာအနိုင်ရပြီး၊ နှစ်ပွဲရှုံး၊ တစ်ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။

ဒါပေမယ့် ဗလင်စီယာအသင်းကတော့ နောက်ဆုံးကစားခဲ့တဲ့ လာလီဂါ(၅)ပွဲမှာ (၃)ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားပြီး ခြေစွမ်းပိုင်းမာကျောတောင့်တင်းတဲ့ အသင်းလို့ဆိုရင် မမှားပါဘူး။ အဝေးကွင်းခြေစွမ်း ပိုကောင်းတဲ့ ဗလင်စီယာအသင်းဟာ အခုပွဲမှာလည်း (၁-၂)ရလဒ်နဲ့ အနိုင်ပိုင်းသွားမယ်လို့ forebet.com က ခန့်မှန်းထားပါတယ်။

AP Photo/Antonio Calann
ဘင်ဖီကာ VS ဖရန့်ဖွတ်

လက်ရှိအချိန်မှာ ခြေစွမ်းပိုင်းတည်ငြိမ်လွန်းတဲ့ ဘင်ဖီကာအနေနဲ့ ကစားသမားစုဖွဲ့မှုမှာ မာကျောတောင့်တင်းလွန်းတဲ့ ဖရန့်ဖွတ်ကို အလွယ်တကူအသာရသွားဖို့ မလွယ်ပါဘူး။ ဖရန့်ဖွတ်ဟာ နောက်ဆုံးကစားထားတဲ့ (၅)ပွဲစလုံးကို အနိုင်ရယူထားနိုင်တာက အထင်ကြီးစရာပါ။

Forebet.com ကတော့ နှစ်သုံးစလုံး ခြေစွမ်းညီ၊ တိုက်စစ်ညီ၊ ခံစစ်ပိုင်းမှာ အားနည်းချက်တွေလည်း ညီနေတာမို့ (၂-၂)ရလဒ်နဲ့ သရေကျသွားမယ်လို့ ခန့်မှန်းထားပါတယ်။ ဘင်ဖီကာ အနိုင်ရရှိမှုအတွက် (30)% ဖြစ်ပြီး၊ သရေ (39)%ပါ၊ ဖရန့်ဖွတ်အနိုင်ရဖို့အတွက် (31)%ရှိနေပြီး၊ သူမသာ ကိုယ်မသာ အခြေအနေမှာ ရှိနေတယ်လို့ ဆိုရမှာပါ။

 

နတ်စည်တော် (SportAhtar)

Source : .forebet.com

READ  အမြွှာတွေလား ထင်ခဲ့ရတဲ့ ချယ်လ်ဆီးနောက်ခံလူ လုဇ်နဲ့ ပရာဂွေးနောက်ခံလူ အဲလက်စ်