ဒီတပတ် စပိန်လာလီဂါပွဲစဉ်(၈)ကိုတော့ မနေ့ညက (၁)ပွဲ၊ ဒီညမှာ (၄)ပွဲနဲ့ မနက်ဖြန်ညမှာ (၅)ပွဲယှဉ်ပြိုင်သွားမှာပါ။ မနေ့ညကပွဲစဉ်မှာတော့ ဘက်တစ်နဲ့ အီဘာတို့ (၁)ဂိုးစီသရေကျခဲ့ပါတယ်။ ဒီညပွဲတွေထဲမှာတော့ လက်ရှိအဆင့်(၁)နဲ့(၂)က ရီးရဲလ်မက်ဒရစ်နဲ့ ဂရန်နာဒါတို့ပွဲရှိနေပြီး ဗလင်စီယာ၊ ဗီလာရီးရဲလ်တို့ရဲ့ ပွဲတွေလည်းကစားသွားမှာပါ။

soccerway.com

လီဂါနက်စ် – လီဗန်တေး

liveonscore.com

နိုင်ပွဲမရှိသေးဘဲ အမှတ်ပေးဇယားအောက်ဆုံးရောက်နေတဲ့ လီဂါနက်စ်တို့ အမှတ်လိုနေပါပြီ။ နောက်ပိုင်းပွဲတွေမှာကစားပုံကောင်းလာခဲ့ပေမဲ့ ဗလင်စီယာ၊ ဘီလ်ဘာအို၊ ဂရန်နာဒါတို့လို ခြေစွမ်းကောင်းနေတဲ့အသင်းတွေနဲ့ ဆက်တိုက်ကစားခဲ့ရလို့ နိုင်ပွဲမရသေးတာပါ။ ဒါတောင်မှ (၃)ပွဲမှာ (၂)မှတ်ရအောင်ယူနိုင်ခဲ့ပါသေးတယ်။ လီဗန်တေးကလည်း နောက်ဆုံး(၄)ပွဲဆက် နိုင်ပွဲပျောက်နေပြီး ခြေကျနေပါတယ်။ ဒါ့အပြင်အဝေးကွင်းခြေစွမ်းကလည်း ဆိုးရွားနေပြီး နောက်ဆုံး(၇)ပွဲမှာ (၆)ပွဲရှုံးထားပါတယ်။ သရေကျဖို့များပေမဲ့ လီဂါနက်စ်အသင်း ဒီရာသီအတွက် နိုင်ပွဲစရသွားနိုင်ပါတယ်။
ဖြစ်နိုင်ဖွယ်ရလဒ်။        ။ လီဂါနက်စ် ၁-၀ လီဗန်တေး

 

ရီးရဲလ်မက်ဒရစ် – ဂရာနာဒါ

ပုံမှန်ဆိုရင် ဒီပွဲဟာ ရီးရဲလ်ဂိုးပြတ်နိုင်မဲ့ပွဲလို့ သုံးသပ်ချင်စရာပါ။ ဒါပေမဲ့ ဒီနှစ်ရဲ့ Surprise Package ဖြစ်နေတဲ့ ဂရန်နာဒါရဲ့ခြေစွမ်းက စုစည်းမှုကောင်းလွန်းနေပါတယ်။ လာလီဂါနောက်ဆုံး (၅)ပွဲဆက် ရှုံးပွဲမရှိသလို၊ အဲဒီ(၅)ပွဲမှာ ပေးဂိုးကလည်း (၁)ဂိုးပဲရှိပါတယ်။ ရီးရဲလ်ကလည်း ချန်ပီယံလိဂ်မှာအခြေအနေမကောင်းပေမဲ့ ပြည်တွင်းမှာတော့ ရှုံးပွဲမရှိသေးဘဲ ခြေမှန်နေပါတယ်။ ဟာဇက်ခြေစွမ်းမပြနိုင်သေးပေမဲ့ လာလီဂါမှာဂိုးလာဘ်ရှိတဲ့ တိုက်စစ်မှူး ဘန်ဇီမာကြောင့် ဂိုးရဖို့မခဲယဉ်းပါဘူး။ လက်ရှိခြေစွမ်းမှာ ဂရန်နာဒါတို့ ရီးရဲလ်ကိုယှဉ်ကစားနိုင်ဖို့ရှိပေမဲ့လည်း အစဉ်အလာမှာတော့ အပြတ်အသတ်အရေးနိမ့်နေပါတယ်။ ရီးရဲလ်နဲ့နောက်ဆုံးကစားခဲ့တဲ့ (၂)ပွဲမှာ (၉)ဂိုးအသွင်းခံခဲ့ရပြီး သွင်းဂိုးလည်း မရှိပါဘူး။ ဒါ့အပြင် ရီးရဲလ်ဟာ ဂရန်နာဒါနဲ့ နောက်ဆုံးယှဉ်ပြိုင်ထားတဲ့ (၈)ပွဲစလုံးအနိုင်ရထားပြီး အဲဒီ(၈)ပွဲထဲမှာ ဂိုးမပေးရတာ (၆)ပွဲတောင်ရှိခဲ့ပါတယ်။ ဂရန်နာဒါရဲ့စုစည်းမှုကြောင့် ရီးရဲလ်တို့ ခက်ခက်ခဲခဲကစားရနိုင်ပေမဲ့ အနိုင်ရမှာပါ။
ဖြစ်နိုင်ဖွယ်ရလဒ်။        ။ ရီးရဲလ်မက်ဒရစ် ၃-၂ ဂရာနာဒါ

 

ဗလင်စီယာ – အလာဗက်စ်

liveonscore.com

ဗလင်စီယာရဲ့အဓိကပြဿနာက ခြေမမှန်တာပါပဲ။ နိုင်သင့်တဲ့ပွဲတွေ မနိုင်သလို၊ မနိုင်လောက်ဘူးထင်တဲ့ပွဲတွေမှာလည်း အနိုင်ရတတ်ပြန်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဘီလ်ဘာအိုကို အဝေးကွင်းမှာ အနိုင်ကစားခဲ့ပေမဲ့ အနိုင်ရမယ်ထင်ထားတဲ့ အိမ်ကွင်းနောက်ဆုံး (၂)ပွဲဆက်နိုင်ပွဲပျောက်ထားတာပါ။ ဒါ့အပြင်ကြားရက်တုန်းကလည်း အေဂျက်စ်ကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးထားလို့ အခုပွဲမှာ ပရိသတ်တွေအတွက် အနိုင်ပြန်ကစားပေးဖို့ အားခဲထားနိုင်ပါတယ်။ အလာဗက်စ်ကတော့ နောက်ဆုံးပွဲမှာ မာယော့ကာကိုနိုင်ပြီး (၅)ပွဲဆက် နိုင်ပွဲပျောက်မှုကို ရပ်တန့်နိုင်ခဲ့ပေမဲ့ အဝေးကွင်းခြေစွမ်းက အားရစရာမရှိပါဘူး။ အလာဗက်စ်နဲ့ကစားတဲ့ အိမ်ကွင်းနောက်ဆုံး(၆)ပွဲလုံး အနိုင်ရထားတဲ့ ဗလင်စီယာတို့ ဒီပွဲမှာ အနိုင်ရမှာပါ။
ဖြစ်နိုင်ဖွယ်ရလဒ်။        ။ ဗလင်စီယာ ၂-၀ အလာဗက်စ်

 

အိုဆာဆူနာ – ဗီလာရီးရဲလ်

liveonscore.com

နောက်ဆုံး(၆)ပွဲဆက်တိုက် နိုင်ပွဲပျောက်နေတဲ့ အိုဆာဆူနာအသင်းအနေနဲ့ နိုင်ပွဲပြန်ရဖို့ အဓိကကြိုးစားမှာပါ။ နိုင်ပွဲပျောက်နေပေမဲ့ ရှုံးပွဲကတော့ (၁)ပွဲပဲရှိခဲ့ပြီး သရေပွဲတွေများနေတာပါ။ အိမ်ကွင်းပွဲစဉ်(၃)ပွဲစလုံးလည်း သရေကျထားပြီး ဘာစီလိုနာလိုအသင်းကို အိမ်ကွင်းမှာမရှုံးအောင်ကစားထားတာကိုတော့ ချီးကျူးရမှာပါ။ ဗီလာရီးရဲလ်ကလည်း နောက်ဆုံး(၅)ပွဲမှာ (၃)ပွဲနိုင်ပြီး ခြေတက်နေပါတယ်။ နောက်ဆုံးပွဲစဉ်မှာ ဘက်တစ်ကို (၅-၁)ဂိုးနဲ့ဂိုးပြတ်နိုင်ထားပြီး တိုက်စစ်က မိုရီနို၊ အီကမ်ဘီတို့က ဂိုးတွေဆက်တိုက်သွင်းနေပါတယ်။ ဒါပေမဲ့ ဒီရာသီမှာ အဝေးကွင်း(၃)ပွဲယှဉ်ပြိုင်အပြီးမှာ ဗီလာရီးရဲလ်ဟာ လီဂါနက်စ်ကိုပဲနိုင်ပြီး လီဗန်တေးနဲ့ ဘာစီလိုနာကို ရှုံးထားပါတယ်။ လက်ရှိအခြေအနေတွေအရတော့ ခြေစွမ်းပိုင်းမှာ ဗီလာရီးရဲလ် အနည်းငယ်သာပေမဲ့ အိုဆာဆူနာရဲ့ ရုန်းကန်မှုကြောင့် သရေကျသွားဖို့များပါတယ်။
ဖြစ်နိုင်ဖွယ်ရလဒ်။        ။ အိုဆာဆူနာ ၂-၂ ဗီလာရီးရဲလ်

Yan Oo

READ  အိမ်ကွင်းမှာ တိုက်စစ်အစွမ်းပြပြီး ပြတ်သားတဲ့ ရလဒ်နဲ့ (၃)မှတ်ယူမယ့် အာဆင်နယ်