မနေ့က (၃)ပွဲကစားပြီးပြီဖြစ်တဲ့ စီးရီးအေပွဲစဉ်(၇)ရဲ့ လက်ကျန်ပွဲတွေကို ဒီညမှာဆက်လက်ယှဉ်ပြိုင်သွားမှာပါ။ ဆက်ဆူအိုလိုဥက္ကဌသေဆုံးမှုကြောင့် ရွှေ့ဆိုင်းထားတဲ့ ဘရက်စီယာ-ဆက်ဆူအိုလိုပွဲကလွဲရင် ကျန်တဲ့ (၆)ပွဲစလုံးယှဉ်ပြိုင်မှာဖြစ်ပြီး ပွဲတိုင်းနိုင်ထားတဲ့ ကွန်တီရဲ့ အင်တာနဲ့ ဆာရီရဲ့ လက်ရှိချန်ပီယံ ဂျူဗီတို့ပွဲကတော့ ပွဲကြီးပွဲကောင်းဖြစ်လာပါလိမ့်မယ်။

soccerway.com

ဖီအိုရင်တီးနား – အူဒီးနီးစ်

liveonscore.com

ဝါရင့်ကစားသမားကြီး ရီဘာရီရဲ့ခြေစွမ်းပြမှုတွေနဲ့အတူ ဖီအိုရင်တီးနားကတော့ (၂)ပွဲဆက်နိုင်ပွဲရထားပြီး ခြေတက်နေပါပြီ။ တိုက်စစ်ကလည်း နောက်ဆုံး(၃)ပွဲမှာ (၇)ဂိုးသွင်းထားပြီး ဂိုးသွင်းခြေတွေ့နေပါတယ်။ အူဒီးနီးစ်ကလည်း (၂)ပွဲဆက် ရှုံးပွဲမရှိသလို၊ ခံစစ်ပိုင်းက နောက်ဆုံး(၄)ပွဲမှာ (၂)ဂိုးပဲပေးထားရတာကြောင့် ဖီအိုတိုက်စစ်နဲ့ အူဒီးနီးစ်ခံစစ် အားပြိုင်မဲ့ပွဲပါပဲ။ ဒါပေမဲ့ အူဒီးနီးစ်နဲ့ကစားတဲ့ အိမ်ကွင်းနောက်ဆုံး (၁၂)ပွဲစလုံးအနိုင်ရထားတဲ့ ဖီအိုရင်တီးနားကို ဧည့်သည်အသင်း ခက်ခက်ခဲခဲရင်ဆိုင်ရပါလိမ့်မယ်။ စီးရီးအေရဲ့ စက်တင်ဘာလအကောင်းဆုံး ကစားသမားဆုကို ပူပူနွေးနွေးရထားတဲ့ ရီဘာရီနဲ့ ဖီအိုရင်တီးနားတို့ အမှတ်ပြည့်ရမှာပါ။
ဖြစ်နိုင်ဖွယ်ရလဒ်။   ။ ဖီအိုရင်တီးနား ၂-၀ အူဒီးနီးစ်

အတ္တလန်တာ – လက်ချီ

liveonscore.com

ချန်ပီယံလိဂ်မှာ ရှုံးပွဲဆက်နေပေမဲ့ စီးရီးအေမှာတော့ အတ္တလန်တာရဲ့ခြေစွမ်းက ကောင်းလွန်းပါတယ်။ နောက်ဆုံး(၄)ပွဲမှာ ရှုံးပွဲမရှိဘဲ (၃)ပွဲအနိုင်ကစားထားသလို၊ (၁၀)ဂိုးသွင်းပြီး (၂)ဂိုးပဲ ပေးထားတာပါ။ ဒါပေမဲ့ အိမ်ကွင်းမှာ (၂)ပွဲပဲကစားပြီးချိန်မှာ နိုင်ပွဲမရှိသေးပါဘူး။ တန်းတက်လက်ချီကလည်း ထူးထူးခြားခြားပဲ ဒီရာသီမှာရထားတဲ့ နိုင်ပွဲ(၂)ပွဲစလုံးက အဝေးကွင်းမှာပါ။ ဒီအချက်ကလွဲရင် လက်ချီအနေနဲ့ အတ္တလန်တာကို ယှဉ်နိုင်ဖို့ မလွယ်လှပါဘူး။ ဒီရာသီ စီးရီးအေမှာ ပွဲတိုင်းဂိုးပေးထားရတဲ့ ခံစစ်က အတ္တလန်တာကို ဂိုးပေးရဦးမှာသေချာနေပြီး အိမ်ရှင်တို့ အိမ်ကွင်းနိုင်ပွဲစရမှာပါ။
ဖြစ်နိုင်ဖွယ်ရလဒ်။   ။ အတ္တလန်တာ ၂-၀ လက်ချီ

 

ဘိုလော့ဂ်နာ – လာဇီယို

liveonscore.com

ရာသီအစက တာထွက်ကောင်းခဲ့တဲ့ ဘိုလော့ဂ်နာတို့ နောက်ဆုံး(၃)ပွဲဆက် နိုင်ပွဲပျောက်ပြီး (၁)မှတ်ပဲရထားပါတယ်။ ဒါ့အပြင် (၂)ပွဲဆက် ဂိုးပေါက်ပျောက်နေတာကလည်း စိုးရိမ်စရာပါ။ လာဇီယိုကတော့ စီးရီးအေနဲ့ ယူရိုပါလိဂ်မှာ နိုင်ပွဲဆက်ထားပေမဲ့ ဒီရာသီမှာ အဝေးကွင်းရလဒ်မကောင်းဘဲ နောက်ဆုံးအဝေးကွင်း(၃)ပွဲဆက်တိုက် ရှုံးထားပါတယ်။ ဒါပေမဲ့ လာဇီယိုဟာ ဘိုလော့ဂ်နာနဲ့နောက်ဆုံးကစားထားတဲ့ (၁၂)ပွဲဆက်တိုက် မရှုံးသေးသလို၊ ဘိုလော့ဂ်နာကွင်းမှာလည်း (၃)နှစ်ဆက် အနိုင်ရထားပါတယ်။ လက်ရှိခြေစွမ်းတွေအရတော့ သရေကျဖို့များပြီး ဧည့်သည်အသင်း အနိုင်ရဖို့များပါတယ်။
ဖြစ်နိုင်ဖွယ်ရလဒ်။   ။ ဘိုလော့ဂ်နာ ၁-၁ လာဇီယို

 

ရိုးမား – ကာဂလီယာရီ

liveonscore.com

နောက်ဆုံး(၄)ပွဲမှာ နိုင်ပွဲ(၃)ပွဲစီရထားတဲ့ အသင်း(၂)သင်း ထိပ်တိုက်တွေ့ဆုံတဲ့ပွဲပါ။ ဒီရာသီမှာ ရိုးမားအသင်း အိမ်ကွင်းရလဒ်မကောင်းသေးဘဲ (၃)ပွဲကစားပြီးချိန်မှာ (၁)ပွဲပဲ အနိုင်ရထားပါတယ်။ ဒါ့အပြင် အခုပွဲမှာ ဒဏ်ရာပြဿနာတွေကြောင့် တိုက်စစ်ပိုင်း အားနည်းနေပါတယ်။ ကာဂလီယာရီကတော့ နောက်ဆုံး(၄)ပွဲမှာ ရှုံးပွဲမရှိဘဲ (၁၀)မှတ်အထိ ရယူထားနိုင်တဲ့ အသင်းပါ။ အဝေးကွင်းမှာ (၂)ပွဲပဲကစားရသေးပေမဲ့ (၂)ပွဲစလုံးနိုင်ထားပြီး နာပိုလီလိုအသင်းမျိုးကို အဝေးကွင်းမှာ နိုင်ထားပါတယ်။ ဒီပွဲမှာ ရိုးမားကစားသမားဟောင်း နိုင်ဂိုလန် ပြန်လည်ပါဝင်လာနိုင်ပြီး အသင်းဟောင်းနဲ့ရင်ဆိုင်သွားမှာပါ။ အစဉ်အလာအရတော့ ရိုးမားတို့ ကာဂလီယာရီကို အိမ်ကွင်းမှာ (၄)ပွဲဆက် နိုင်ထားပါတယ်။ အိမ်ရှင်အသင်း အသာရနိုင်ပေမဲ့ ဧည့်သည်ရဲ့ ခံကန်အားကြောင့် သရေပွဲလည်း ဖြစ်သွားနိုင်ပါတယ်။
ဖြစ်နိုင်ဖွယ်ရလဒ်။   ။ ရိုးမား ၂-၁ ကာဂလီယာရီ

 

တိုရီနို – နာပိုလီ

liveonscore.com

နောက်ဆုံး (၄)ပွဲမှာ နိုင်ပွဲ(၁)ပွဲပဲရှိတဲ့ တိုရီနိုနဲ့ နောက်ဆုံး(၄)ပွဲမှာ နိုင်ပွဲ(၃)ပွဲရှိထားတဲ့ နာပိုလီတို့ ဆုံတွေ့နေတာပါ။ တိုရီနိုကတော့ နောက်ဆုံးပွဲမှာ ပါးမားကို (၂-၁)ဂိုးနဲ့ဦးဆောင်ခဲ့ပြီးမှ (၂)ဂိုးဆက်ပေးလိုက်ရပြီး ရှုံးနိမ့်ခဲ့ရတာပါ။ အသင်းက တိုက်စစ်ကစားပုံကောင်းပေမဲ့ ခံစစ်ကပေါက်နေလို့ အမှတ်တွေလျော့နေရတာဖြစ်ပါတယ်။ နာပိုလီကတော့ အတ္တလန်တာနဲ့အတူ စီးရီးအေမှာ တိုက်စစ်အကောင်းဆုံးအသင်းဖြစ်နေပြီး အဝေးကွင်းနောက်ဆုံး(၃)ပွဲမှာလည်း (၁၁)ဂိုးသွင်းထားပါတယ်။ တိုရီနိုက နောက်ဆုံးကစားထားတဲ့ အိမ်ကွင်း(၆)ပွဲမှာ (၅)ပွဲနိုင်ထားပြီး နာပိုလီကလည်း တိုရီနိုကွင်းမှာနောက်ဆုံးကစားတဲ့ (၇)ပွဲမှာ (၆)ပွဲနိုင်ထားပါတယ်။ တိုရီနိုအသင်း အိမ်ရှင်အခွင့်အရေးရှိနေပေမဲ့ ဂိုးသွင်းပိုကောင်းတဲ့ နာပိုလီ မရှုံးနိုင်ပါဘူး။
ဖြစ်နိုင်ဖွယ်ရလဒ်။   ။ တိုရီနို ၁-၃ နာပိုလီ

 

အင်တာမီလန် – ဂျူဗင်တပ်စ်

စီးရီးအေမှာ ပွဲတိုင်းနိုင်ထားတဲ့ အင်တာမီလန်အသင်း နိုင်ပွဲဆက်ဦးမလား စိတ်ဝင်စားစရာပါပဲ။ နည်းပြကွန်တီရဲ့ အင်တာကတော့ လက်ရှိမှာ ချန်ပီယံခြေစွမ်းပြနေပြီး တိုက်စစ်က (၁၃)ဂိုး သွင်းထားသလို၊ ခံစစ်က (၂)ဂိုးပဲပေးထားရပြီး စီးရီးအေမှာ အကောင်းဆုံးပါပဲ။ ဒါ့အပြင် အိမ်ကွင်းမှာ ကစားထားတဲ့ (၃)ပွဲစလုံးမှာလည်း ပေးဂိုးမရှိသေးပါဘူး။ လက်ရှိချန်ပီယံ ဂျူဗင်တပ်စ်က လည်း ဖီအိုရင်တီးနားကို မထင်မှတ်ဘဲ သရေကျခဲ့တာကလွဲရင် ခြေစွမ်းပြနိုင်နေဆဲပါ။ အဝေးကွင်း(၃)ပွဲမှာလည်း ရှုံးပွဲမရှိသေးဘဲ (၁)ဂိုးပဲ ပေးထားရပါတယ်။

READ  ဧည့်သည်အသင်းတွေဖြစ်တဲ့ ၀ုလ်ဗ်နဲ့ အာဆင်နယ်အသင်းတို့ ရလဒ်ကောင်းဖို့ ရှိနေပါတယ်

 

အင်တာအသင်းအတွက် လူကာကူ ကြံ့ခိုင်မှုပြည့်ဝဖို့လိုနေပြီး ဆန်းချက်ဇ်ကတော့ အနီကတ်ကြောင့် ဒီပွဲကိုလွဲမှာပါ။ ဂျူဗင်တပ်စ်မှာတော့ ရော်နယ်လ်ဒို၊ ဟီဂွာအင်တို့ နောက်ဆုံးကစားထားတဲ့ လေဗာကူဆင်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂိုးတွေသွင်းထားပြီး ဒီပွဲမှာလည်း ဆက်လက်ပွဲထွက်လာဖို့ရှိပါတယ်။ စီးရီးအေမှာ နောက်ဆုံးထိပ်တိုက်တွေ့ထားတဲ့ ပွဲစဉ်(၅)ပွဲမှာတော့ အင်တာတို့ ဂျူဗီကို နိုင်ပွဲမရသေးဘဲ (၂)ပွဲပဲ သရေကစားနိုင်ခဲ့ပါတယ်။ Derby di Milano မှာ အနိုင်ရခဲ့ပေမဲ့ Derby d’Italia မှာတော့ အင်တာတို့ အနိုင်ရဖို့ ခက်ခဲနိုင်ပြီး သရေတမှတ်စီခွဲယူကြဖို့ များပါတယ်။
ဖြစ်နိုင်ဖွယ်ရလဒ်။   ။ အင်တာမီလန် ၁-၁ ဂျူဗင်တပ်စ်

Yan Oo