ဒီနေ့ည မြန်မာစံတော်ချိန် (ည ၁၀း၃၀)မှာ ကစားကြမယ့် မန်စီးတီးအသင်းနဲ့ ၀က်ဖို့ဒ်အသင်းတို့ရဲ့ အက်ဖ်အေဖလား ချန်ပီယံလုပွဲကို မိုက်ကယ်အိုဝင်က ခန့်မှန်းလိုက်ပြန်ပါပြီ။

မန်စီးတီးက (၂)ဂိုးသွင်းရင်တောင် ပြားစွန်းလေးပဲ အမြတ်ရမယ့် ကြေးဖွင့်လှစ်မှုက ဒီပွဲမှာ မန်စီးတီးပဲ နိုင်မယ်ဆိုတာ ဖော်ပြနေသလိုဖြစ်နေပြီး တကယ်တမ်းကစားကြချိန်မှာတော့ဘယ်လို ဖြစ်သွားမလဲဆိုတာ ပြောဖို့ ခက်လှတာပါ။

မန်စီးတီးအသင်းအတွက်တော့ ဒီဖလားကိုသာ ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် ပြည်တွင်းဖလား(၃)လုံးကို တစ်ရာသီတည်း ဆွတ်ခူးနိုင်တဲ့အသင်း ဖြစ်လာမှာဖြစ်ပြီး နည်းပြ ဂွာဒီယိုလာအတွက် မှတ်တမ်းသစ် ဖြစ်လာမှာပါ။

AP

တစ်ဖက်မှာလည်း ၀က်ဖို့ဒ်က မန်စီးတီးကို တတ်နိုင်သလောက်တော့ ပြန်လည်တုန့်ပြန်ဖို့ သေချာပေါက်ကြိုးစားဦးမှာပါ။

မိုက်ကယ်အိုဝင်ကတော့ “ဖေဖော်ဝါရီလမှာတုန်းက ဝင်ဘလေမှာ ချဲလ်ဆီးနဲ့ယှဉ်ပြိုင်ခဲ့ရတဲ့ ကာရာဘောင်ဖလားကိုလည်း သူတို့ရရှိခဲ့ပြီးပါပြီ၊ လာမယ့်ပွဲစဉ်မှာလည်း ဂွာဒီယိုလာရဲ့အသင်းဟာ ဝက်ဖို့ဒ်ကို သက်တောင့်သက်သာနဲ့ ကျော်ဖြတ်သွားနိုင်ပါလိမ့်မယ်၊ ဝက်ဖို့ဒ်ဟာ မန်စီးတီးနဲ့ နောက်ဆုံးရင်ဆိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၀)ဆက်ကို ရှုံးနိမ့်ထားပါတယ်၊ ဂွာဒီယိုလာဟာလည်း ဝက်ဖို့ဒ်နဲ့ (၆)ပွဲတွေ့ဆုံခဲ့ရာမှာ (၆)ပွဲစလုံးကို အနိုင်ရရှိထားပါတယ်၊ ဝက်ဖို့ဒ်ဟာ ၁၉၈၄ ခုနှစ်နောက်ပိုင်းမှအက်ဖ်အေဖလားဖိုင်နယ်ကို ပထမဦးဆုံးအကြိမ်ပြန်ကစားရတာပါ၊ အဲဒီပွဲမှာတော့ အဲဗာတန်ကို (၂-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်၊စီးတီးဟာလည်း သူတို့နောက်ဆုံးကစားခဲ့တဲ့ဖိုင်နယ် (၂၀၁၃) မှာဝီဂန်ကို ရှုံးနိမ့်ထားပါတယ်”

AFP

“ဒါပေမယ့်လည်း လက်ရှိအနေအထားအရတော့ ဝက်ဖို့ဒ်အနေနဲ့ ပြည်တွင်းဖလားသုံးလုံးယူပြီး သမိုင်းဝင်တော့မယ့်သူတို့ကို တားဆီးဖို့ မဖြစ်နိုင်ဘူးလို့ ထင်မိပါတယ်၊ မန်စီးတီးဟာ ပွဲတိုင်းမှာဂိုးတွေရလေ့ရှိပါတယ်၊ အဖွင့်ဂိုးသွင်းမယ့်သူကိုတော့ ရွေးချယ်ရခက်ပါတယ်၊ ဒါပေမယ့် လက်ရှိရာသီမှာ သူတို့အတွက်အကောင်းဆုံးစွမ်းဆောင်ပြထားတကတော့ ဘာနာဒိုဆေးလ်ဗားနဲ့ ရာဟမ်စတာလင်တိ့ပါ၊ သူတို့ထဲကမှ စတာလင်အနေနဲ့ ဝက်ဖို့ဒ်နဲ့ပွဲမှာ ဂိုးပေါက်ပြန်တွေ့ဖို့ ကျွန်တော်မျှော်လင့်ပါတယ်၊ ဝက်ဖို့ဒ်မှာ ဒယ်လိုဖူက အကောင်းဆုံးပုံစံရနေပေမယ့် ဂါစီယာရဲ့အသင်းဟာနောက်ဆုံးသုံးပွဲဆက်ရှုံးထားပါတယ်၊ ဒီပွဲမှာတော့ ဒယ်လိုဖူခြေစွမ်းပြနိုင်ပြီး ပွဲကြီးပွဲကောင်းဖြစ်လာဖို့ မျှော်လင့်ပါတယ်”လို့ဆိုသွားခဲ့ပါတယ်။

SkySports

အိုဝင်ရဲ့ ခန့်မှန်းရလဒ်  –  မန်စီးတီး  ၃ – ၁  ဝက်ဖို့ဒ် ။

READ  ဥရောပစူပါဖလားကို ရီးယဲလ်အသင်း (၃)နှစ်ဆက် ရယူသွားနိုင်မလား