အဆင့်(၄)အတွင်း ဝင်ရောက်ဖို့ ပစ်မှတ်ထားနေတဲ့ မန်ယူအင်းဟာ ရလဒ်တွေ ဆက်တိုက်ဆိုးရွားနေတဲ့အတွက်၊ ချန်ပီယံလိဂ်ဝင်ခွင့်ရရေး ရုန်းကန်နေရပါတယ်။ ဒီလိုပဲ လက်ရှိအချိန်မှာတော့ အသင်းရဲ့ အဓိကကစားသမားနှစ်ဦးဖြစ်တဲ့ ရက်ရှ်ဖို့နဲ့ လူကာကူတို့ ဒဏ်ရာပြဿနာအသီးသီး ရှိနေတာကြောင့် အဆင့်(၄)အတွင်း ဝင်ရောက်ဖို့ မန်ယူတို့ အင်အားတောင့်တင်းပါ့မလား သံသယဝင်စရာပါ။

talkSPORT

မန်ယူဟာ လူစုံတပ်စုံနဲ့ ပွဲထွက်နေတာတောင် ဆက်တိုက် ရလဒ်တွေ ဆိုးရွားနေပြီး နောက်ဆုံးကစားထားတဲ့ (၁၀)ပွဲမှာ (၇)ပွဲရှုံး၊ (၁)ပွဲသရေ၊ (၂)ပွဲနိုင် ရလဒ်ဆိုးကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် မန်ယူအသင်းဟာ အခုလို အဓိကကစားသမားနှစ်ဦး ဒဏ်ရာရရှိချိန်မှာ အရင်ကလောက် ခြေမာနိုင်ပါ့မလားဆိုတာ စိတ်ဝင်စားစရာပါ။

အခု ဒဏ်ရာရသတင်းဟာ မန်ယူနည်းပြ ဆိုးလ်ရှားအတွက် အတော်လေး ဖိအားတွေဝင်ရောက်စေနိုင်တဲ့ သတင်းတွေဖြစ်ပါတယ်။ ဆိုးလ်ရှားဟာ ရလဒ်တွေဆက်တိုက်ဆိုးရွားနေလို့ မန်ယူအသင်းနည်းပြ ရာထူးနဲ့ ထိုက်တန်မှုရှိမရှိဆိုပြီး အသင်းပရိသတ်တွေက ဝေဖန်တာကို ခံနေရပါတယ်။

Manchester Evening News

ရက်ရှ်ဖို့ဒ်ကတော့ ပခုံးကြွက်သားဒဏ်ရာ ရရှိထားပြီး၊ လူကာကူကတော့ တံကောက်ကြောဒဏ်ရာကြောင့် လက်ကျန်ပွဲစဉ်တွေမှာ ပွဲထွက်ခွင့်ရဖို့ မသေချာပါဘူး။ ဒါပေမယ့် ဆန်းချက်ဇ်၊ မာရှယ်နဲ့ ဂရင်းဝုဒ်တို့ကလည်း အဆင့်နိမ့်လှတဲ့ ကစားသမားတွေမျိုး မဟုတ်တာကြောင့်၊ ဆိုးလ်ရှားအတွက် တစ်ပွဲတိုး အဆင်ပြေသွားနိုင်တယ်လို့လည်း ထင်မြင်မိပါတယ်။

 

လင်းသူရိန် (SportAhtar)

Soruce : thesun.co.uk

READ  ဆောက်သမ်တန်ရဲ့ အိမ်ကွင်းကစားအားကြောင့် အနိုင်ရဖို့ ရုန်းကန်ရမယ့် မန်ယူ