ကစားဖို့ (၂)ပွဲသာကျန်တော့တဲ့ အချိန်မှာပဲ မန်ယူအသင်းဟာ အဆင့်(၆)မှာ ရပ်တည်နေဆဲဖြစ်ပြီး၊ ဒီလို ရလဒ်ဆိုးတွေဟာ ဒီဂီယာတစ်ဦးကိုပဲ အပြစ်တင်လို့ မရဘူးလို့ ပြောခဲ့ပါတယ်။ ယမန်နေ့ညက အာဆင်နယ်က လက်စတာကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းကတော့ မန်ယူတို့ အဆင့်ချင်းလဲဖို့ အခွင့်ရေးကောင်း ဖြစ်သော်လည်းချန်ပီယံလိဂ်ဝင်ခွင့်ကတော့ ချယ်လ်ဆီးအသင်းရဲ့ လက်ကျန်ပွဲစဉ်ရဲ့ ရလဒ်တွေပေါ်မှာ မှီခိုရတော့မှာဖြစ်သလို၊ ကိုယ်တိုင်ကလည်း ကျန်နှစ်ပွဲစလုံး (၆)မှတ်အပြည့်ရမှ မျှော်လင့်လို့ရမယ့်အနေအထား။ စပါးကတော့ နောက်ထပ် နိုင်ပွဲတစ်ပွဲရတာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် အိုကေမယ့်သဘောဖြစ်ပါတယ်။

 

လက်ရှိအမှတ်ပေးဇယား အဆင့်(၆)မှာ ရပ်တည်နေရခြင်းဟာ တစ်ဦးတည်းယောက်တည်းကို အပြစ်တင်လို့ရတဲ့ အခြေအနေမဟုတ်ကြောင်း၊ အထူးသဖြင့် ဒီဂီယာကြောင့် အဆင့်(၆)မှာ ရပ်တည်နေရခြင်းမဟုတ်ကြောင်း ဆိုပါတယ်။ ယမန်နေ့ညကပွဲမှာ ဒီဂီယာဟာ နောက်ထပ်အမှားတွေ ဆက်တိုက်ကျူးလွန်ခဲ့ပါတယ်။

Twitter

ဂျာနယ်လစ်က ဒီဂီယာအပေါ် စိုးရိမ်ပူပန်မှုတွေ ဖြစ်နေပြီလားဆိုတဲ့ မေးခွန်းအပေါ် “ ကျွန်တော် သူ့အတွက် မစိုးရိမ်ပါဘူး … သူ ဘယ်လိုလူလဲဆိုတာ ကျွန်တော် ကောင်းကောင်းသိပါတယ် … တိုက်စစ်မှူးပွဲဖြစ်ဖြစ် ဂိုးသမားပဲဖြစ်ဖြစ် အခွင့်ရေးတွေ လွဲချော်တာမျိုးက ဖြစ်လေ့ရှိတယ် … အခုလည်း ဒေးဗစ်မှာ ဒီလို နေတာပါ ”လို့ ပြောခဲ့ပါတယ်။

လင်းသူရိန် (SportAhtar)

Source : skysports.com

READ  အိုးထရက်ဖို့ဒ်ကို အမြှောက်တပ်သားတွေ လွှမ်းမိုးသွားမလား....