BTSport/Twitter
အက်စတွန်ဗီလာ – ဘုန်းမောက်

တန်းတက် အက်စတန်ဗီလာဟာ ပေါင်သန်း(၁၀၀)ကျော်သုံးပြီး အသင်းကို အားဖြည့်မှုတွေ အကြီးအကျယ် ပြု လုပ်ထားပေမယ့် ကစားသမားတွေကြား အချိတ်အဆက်မိဖို့ လိုနေသေးတာကို ပြီးခဲ့တဲ့ တော့တင်ဟမ်နဲ့ပွဲမှာ တွေ့ရပါတယ်။ ကစားသမားအင်အား တောင့်တင်းပြီးသား ဖြစ်တာကြောင့် ဗီလာနည်းပြ ဒင်းစမစ်အနေသာ မှန်ကန်တဲ့ အတွဲအဖက်ကို ရှာဖွေနိုင်ခဲ့မယ်ဆိုရင် ဗီလာရဲ့ ခြေစွမ်းဟာ ပရိသတ်တွေ စောင့်ကြည့်ရမယ့် အနေ အထားတစ်ခုကို ရောက်လာနိုင်မှာပါ။

ဒဏ်ရာရကစားသမားတွေ များပြားနေတဲ့ ဘုန်းမောက်ကတော့ ပြီးခဲ့တဲ့ အိမ်ကွင်းပွဲမှာ အနိုင်(၃)မှတ်ရဖို့ အနီး စပ်ဆုံး အနေအထားကို ရောက်ခဲ့ပြီးမှ သရေကျခဲ့တာပါ။ မနှစ်က အဝေးကွင်းပွဲတွေမှာ (၉)ပွဲဆက်ရှုံးခဲ့တဲ့အထိ ညံ့ဖျင်းလွန်းတဲ့ ဘုန်းမောက်ရဲ့ အဝေးကွင်းခြေစွမ်းကို နည်းပြ အက်ဒီဟောင်း ဘယ်လောက်အထိ ပြင်ဆင် ထားနိုင်မလဲဆိုတာ အစမ်းသပ်ခံရတော့မှာလည်း ဖြစ်ပါတယ်။

သုံးသပ်ချက်

တန်းတက်အသင်းတွေနဲ့ ရင်ဆိုင်ခဲ့တဲ့ အဝေးကွင်း(၁၁)ပွဲမှာ ဘုန်းမောက်ဟာ (၂)ပွဲသာ အနိုင်ရပြီး (၂)ပွဲသရေ (၇)ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။ အက်စတွန်ဗီလာကတော့ လိဂ်ချန်ပီယံရှစ်မှာ နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း(၇)ပွဲ မှာ (၆)ပွဲနိုင်ခဲ့သလို ပွဲတိုင်းလည်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဘုန်းမောက်ရဲ့ ဒဏ်ရာရကစားသမား များပြားမှု၊ အဝေး ကွင်းဆောင်ရည် ညံ့ဖျင်းမှုတွေကြောင့် အိမ်ကွင်းခြေစွမ်းကောင်းတဲ့ အက်စတွန်ဗီလာပဲ အနိုင်ရရှိသွားမှာပါ။

WesthamUnited.com
ဘရိုက်တန် – ၀က်စ်ဟမ်း

ဝက်ဒ်ဖို့ဒ်လို အိမ်ကွင်းခြေစွမ်းမာတဲ့ အသင်းကို (၀-၃)နဲ့ အနိုင်ယူခဲ့တဲ့ ဘရိုက်တန်ရဲ့ ခြေစွမ်းဟာ အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ မနှစ်က ရာသီကုန်ခါနီး နောက်ဆုံး(၉)ပွဲဆက် နိုင်ပွဲမဲ့ခဲ့အထိ အခြေအနေဆိုးရွားခဲ့ပေ မယ့် ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာဟာ ကစားကောင်းတွေ ခေါ်ယူခဲ့ပြီး ရာသီကြိုကာလမှာ အသင်းကို အကောင်းဆုံး ပြင်ဆင်နိုင်ခဲ့ပါတယ်။

ဝက်စ်ဟမ်းကတော့ အလယ်အလတ်အသင်း အဆင့်ထက်ပိုတဲ့ ကစားသမားစုဖွဲ့မှုကို ပိုင်ဆိုင်ထားသလို ပြီးခဲ့တဲ့ ရာသီတည်းက ပယ်လီဂရီနီလို ထိပ်တန်းနည်းပြမျိုး ကိုင်တွယ်ခဲ့ပေမယ့် ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရဆဲပါ။ ၀က်စ်ဟမ်း အသင်းသားတွေဟာ တစ်ဦးချင်း ခြေစွမ်းကောင်းမွန်ပေမယ့် အသင်းလိုက်စုစည်းမှုမှာ အားနည်းတဲ့ ပြဿနာကို နည်းပြ ပယ်လီဂရီနီ ဖြေရှင်းနိုင်သရွေ့တော့ ၀က်စ်ဟမ်းအသင်း ခြေစွမ်းကောင်းပြနိုင်ဖို့ ခက်ခဲနေ ဦးမှာပါ။

သုံးသပ်ချက်

ဘရိုက်တန်ဟာ ၀က်စ်ဟမ်းနဲ့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၄)ပွဲမှာ ရှုံးပွဲမရှိခဲ့ပဲ (၃)ပွဲနိုင်ပြီး (၁)ပွဲသာ သရေကျခဲ့ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေအရ ဘရိုက်တန် အသာရနေသလို အိမ်ကွင်းအားသာချက်လည်း ရှိ နေပေမယ့် ပြီးခဲ့တဲ့ပွဲက အရှက်ရဖွယ်အရှုံးအတွက် အစွမ်းကုန်ကြိုးစားမယ့် ပယ်လီဂရနီရဲ့ ၀က်စ်ဟမ်းအသင်းနဲ့ ပဲ ရပ်တည်ချင်ပါတယ်။

EvertonFC.Com
အဲဗာတန် – ၀က်ဖို့ဒ်

ကွင်းလယ်လူတွေဖြစ်တဲ့ ဂိုးမက်စ်(ဒဏ်ရာ)၊ ဒဲလ့်ဖ်(ဒဏ်ရာ)နဲ့ ရှနိုက်ဒါလင်(ပွဲပယ်)တို့ ဒီပွဲကို လွဲဖျော်မှာ ဖြစ် တာကြောင့် အဲဗာတန်အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ အားနည်းချက်တွေ ရှိနေနိုင်ပါတယ်။ အဲဗာတန်ရဲ့ ခံစစ်က တော့ နည်းပြ မာကိုဆေးလ်ဗားလက်ထက်မှာ သိသိသာသာ တိုးတက်လာပြီး ပရီးမီးယားလိဂ်အိမ်ကွင်း နောက်ဆုံး(၅)ပွဲမှာ ပေးဂိုးမရှိခဲ့သလို အိမ်ကွင်းနောက်ဆုံး(၁၂)ပွဲမှာလည်း ဂိုးမပေးရတဲ့ပွဲ (၉)ပွဲအထိရှိခဲ့ပါတယ်။

သက်ကြီးကစားသမားတွေ များပြားတဲ့ ၀က်ဖို့ဒ်ရဲ့ ခံစစ်ဟာ အားနည်းမှုတွေရှိပြီး ပြိုင်ပွဲစုံနောက်ဆုံး(၁၆)ပွဲမှာ ပေးဂိုး(၃၇)ဂိုးအထိ ရှိခဲ့ပါတယ်။ ယိုယွင်းနေတဲ့ ခံစစ်ကို ပြင်ဆင်ဖို့ နွေရာသီအပြောင်းအ ရွှေ့ကာလမှာ ကစားသစ် မခေါ်ယူခဲ့တဲ့ ၀က်ဖို့ဒ်အသင်းရဲ့ ဆုံးဖြတ်ချက်ကတော့ အံ့သြဖို့ကောင်းလွန်းပါတယ်။

သုံးသပ်ချက်

အဲဗာတန်းကွင်းမှာ ကစားခဲ့တဲ့ ပြိုင်ပွဲစုံနောက်ဆုံး (၁၃)ပွဲမှာ ၀က်ဖို့ဒ် နိုင်ပွဲမရှိခဲ့ပဲ (၂)ပွဲသရေကျပြီး (၁၁)ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။ အိမ်ကွင်းအားသာချက်၊ အစဉ်အလာ၊ ကစားသမားအင်အား အဘက်ဘက်က အသာရနေတဲ့ အိမ်ရှင် အဲဗာတန်ကိုပဲ ရွေးချယ်ရမယ့်ပွဲပါ။

BTSport/Twitter
နောဝစ်ခ်ျ – နယူးကာဆယ်

တန်းတက်(၃)သင်းထဲမှာ နောဝစ်ခ်ျအသင်းဟာ ပြင်ဆင်မှုတွေဟာ အားအနည်းဆုံးလို့ ပြောရမှာပါ။ လိဂ်ချန်ပီ ယံရှစ်မှာ အထူးခြေစွမ်းပြပြီး ပရီမီးယားလိဂ်ကို တန်းတက်ခွင့်ရခဲ့ပေမယ့် နော်ဝစ်ခ်ျရဲ့ (၁၄)ပွဲဆက် ရှုံးပွဲမရှိခဲ့တဲ့ မှတ်တမ်းဟာ လီဗာပူးလ်နဲ့အတွေ့မှာ ကျိုးပျက်ခဲ့ရပါတယ်။

အသင်းပရိသတ်တွေရဲ့ ဆန့်ကျင်မှုကို ခံနေရတဲ့ နယူးကာဆယ်အသင်းကတော့ အပြောင်းအရွှေ့ကာလမှာ ကစားသမားကောင်းတွေကို စံချိန်တင်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူခဲ့ပါတယ်။ နယူးကာဆယ်နည်းပြ စတိဗ် ဘရုစ်ကတော့ နောဝစ်ခ်ျအသင်းအတွက် ပွဲပေါင်း (၁၈၀)အထိ ကစားပေးခဲ့ပြီး (၂၁)ဂိုး အ ထိသွင်းယူပေးခဲ့တဲ့ နောဝစ်ခ်ျ ကစားသမားဟောင်းပါ။

READ  ယနေ့ည ၈း၃၀မှာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်များရဲ့ ပွဲကြိုသုံသပ်ချက်များ

သုံးသပ်ချက်

နောဝစ်ခ်ျမှာ အိမ်ကွင်းအားသာချက်ရှိပြီး နယူးကာဆယ်ကတော့ ကစားသမားအင်အား ပိုမိုတောင့်တင်းပါ တယ်။ ဒီနှစ်သင်း နောက်ဆုံးတွေ့ဆုံခဲ့တဲ့(၄)ပွဲမှာ သွင်းဂိုးပေါင်း(၂၄)ဂိုးအထိရှိခဲ့ပါတယ်။ ခံစစ်ညံ့ပြီး တိုက်စစ်က စားပုံကောင်းတဲ့ အသင်းတွေဖြစ်တာကြောင့် ဒီတစ်ကြိမ်မှာလည်း အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျသွား မယ်လို့ ယူဆမိပါတယ်။

Finn