အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး အူဘာမီယန်း တစ်ယောက်ကတော့ ဒီနှစ် ခရစ်စမတ်ပွဲတော်မှာ သူရဲ့ ယူရို (၂၇၀၀၀၀) တန် ရွှေရောင် Lamborgini ကားနဲ့ တောက်တောက်ပြောင်ပြောင် ပွဲခံနေခဲ့တာကို တွေ့ခဲ့ရပါတယ်။

ဒီ လက်ရှိ ပရီးမီးယာလိဂ်ရဲ့ ထိပ်တန်း ဂိုးသွင်းရှင်ဟာ ဘာကာရဲ့ ကြယ်ပွင့် ဒမ်ဘီလီနဲ့အတူ ကမ္ဘာကျော် ဘရန်းတစ်ခုဖြစ်တဲ့ Gucci ဆိုင်မှာ အင်္ကျီတွေရွေးနေတဲ့ ဗီဒီယိုကိုလည်း အင်စတာဂရမ်ပေါ် တင်ခဲ့ပါသေးတယ်။

အားလပ်ရက်တွေမှာတော့ သူက သူရဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ပဲ ကုန်ဆုံးနေခဲ့တာကို တွေ့ရတယ်။ သူက သူရဲ့ ကားကိုလည်း ပြီးခဲ့တဲ့ လကမှ ရွှေရောင် မှုတ်ခဲ့ပြီး ဒီ ပိတ်ရက်တွေမှာမှ လမ်းပေါ် ခပ်ကြွားကြွား ထွက်လာခဲ့ပါတယ်။ သူက စူပါကားတွေကို နှစ်သက်တဲ့ သူတစ်ယောက်ဆိုတာလည်း သိရတယ်။

 

Gucci ဆိုင်မှာလည်း ဂျက်ကက်တစ်ထည် စမ်းဝတ်ဖို့ လုပ်နေတာတွေ့ရသလို ဒမ်ဘီလီနဲ့လည်း ခရားရေလွှတ်ပြောနေဆိုနေတာကို တွေ့ခဲ့ရတယ်။ ဒမ်ဘီလီဟာလည်း လာမယ့် နွေရာသီ အပြောင်းအရွေ့မှာ အာဆင်နယ်ရဲ့ ပစ်မှတ်တစ်ခုဖြစ်နေပါတယ်။ သူတို့ နှစ်ယောက်က ဒေါ့မွန်မှာကတည်းက အသင်းဖော်တွေဖြစ်ခဲ့ကြပြီး သိပ်ခင်တဲ့ သူငယ်ချင်းတွေဆိုလည်း ဟုတ်ပါတယ်။

AP

လက်ရှိမှာ အူဘာမီယန်းက သွင်းဂိုး (၁၂) ဂိုးနဲ့ ဆာလာနဲ့ ကိန်းတို့ ရှေ့မှာရှိနေပြီး ဒီနှစ်ရဲ့ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံးဆုအတွက်လည်း မျှော်လင့်ထားတယ်လို့ သိရတယ်။

Ref: Dailymail

Matthew
READ  မိုက်ကယ်အိုဝင် ခန့်မှန်းထားတဲ့ ယခုတစ်ပတ် EPL ပွဲကြိုခန့်မှန်းချက်များ