အီဒင်ဟာဇက်ဒ်လို ထိပ်သီးကွင်းလယ်လူတစ်ယောက်ကို ဘယ်အသင်းကမဆို ခေါ်ချင်ကြမှာပါ။ ဒါပေမယ့် သူ့ကို ချယ်လ်ဆီးက ဘာလို့ လက်လွှတ်ဖို့ရာ ရှိနေတာလဲ။ တကယ်တော့ ဟာဇက်ဒ်ဟာ အသင်းနဲ့ (၂၀၂၀)ခုနှစ် ဇွန်လ (၃၀)အထိ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ရှိနေပါသေးတယ်။ အဓိကပြဿနာကတော့ အောင်မြင်မှုနဲ့ လစာကိစ္စ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဟာဇက်ဒ်ဟာ ချယ်လ်ဆီးနဲ့အတူ အမှတ်ပေးချန်ပီယံ (၂)ကြိမ်၊ ယူရိုပါလိဂ် (၂)ကြိမ်၊ EFL ဖလားတစ်ကြိမ်၊ FA ဖလားတစ်ကြိမ်တို့ ဆွတ်ခူးထားပါတယ်။ ဒါပေမယ့် သူ့အတိုင်းအတာနဲ့ ဒီလောက် ဆုတံဆိပ်/ဆုဖလားလေးတွေဟာ အလွန်ကြီးမားတဲ့ အောင်မြင်မှုမျိုးတော့ မဟုတ်ပြန်ပါဘူး။ သူကိုယ်တိုင်ကလည်း တန်းဝင်ခြေစွမ်းပိုင်ရှင် ဖြစ်လို့ ဘောလုံးသမားတိုင်း အိပ်မက်မက်ကြတဲ့ အကောင်းဆုံးဘောလုံးသမားဆုကို မျှော်လင့်နေမှာပါ။

www.footyheadlines.com

ဒါပေမယ့် အဲဒီလို ဆုတွေရရှိဖို့က အလားအလာကောင်းတဲ့ အသင်းမျိုးမှာ ပြောင်းရွှေ့ခြေစွမ်းပြနိုင်ကာမှ နီးစပ်မှာပါ။ ဟာဇက်ဒ်ကို အသင်းပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းနေတဲ့ ရီးယဲလ်က သေချာပေါက် အလိုရှိနေပါတယ်။ ဟာဇက်ဒ်အပြင်၊ ပေါ့ဂ်ဘာ၊ ဒီဂီယာ အစရှိသူတွေက ရီးယဲလ်အလိုရှိတဲ့ ထိပ်သီးလူစာရင်းပါ။

သို့သော်လည်း လာမည့်နှစ် ချယ်လ်ဆီးအသင်း ဝတ်ဆင်မယ့် ဂျာစီကြော်ငြာမှာ ဟာဇက်ဒ် ပါဝင်လာပါတယ်။ ဒါဟာ ထိပ်သီးကစားသမားတစ်ဦးအတွက်တော့ ထူးခြားတဲ့ကိစ္စမဟုတ်ပေမယ့် ချယ်လ်ဆီးပရိသတ်တွေက ဟာဇက်ဒ် နောက်နှစ်ရာသီမှာ ဆက်ရှိနေမှာမို့ အခုလို ကြော်ငြာကို လက်ခံရိုက်ကူးခဲ့တာလို့ ယူဆရပါတယ်။

beinSPORTS

အသင်းဂျာစီကြော်ငြာမှာ ပါဝင်လှုပ်ရှားပေးရုံနဲ့ နောက်နှစ်မှာ အသင်းမှာဆက်ရှိနေမယ်လို့ အာမခံချက်တော့ မရှိပါဘူး။ များသောအားဖြင့်တော့ ဒီလို အသင်းဂျာစီကြော်ငြာမှာ ပါဝင်ခဲ့ပြီဆိုရင် အသင်းမှာ ဆက်ရှိနေတတ်လို့ပါ။ ဒီလိုပဲ အဲဒီလို အသင်းကြော်ငြာတွေ စိတ်အားထက်သန်စွာ ပါဝင်ပြီးမှ ပရိသတ်ကို အသည်းခွဲပြီး၊ အသင်းပြောင်းသွားသူတွေလည်း အများကြီး ရှိခဲ့တာမို့ … ချယ်လ်ဆီးပရိသတ်တို့အဖို့ အပြည့်အဝ မျှော်လင့်နိုင်ပါ့မလားဆိုတာ …။

 

လင်းသူရိန် (SportAhtar)

Source : marca.com

READ  ချန်ပီယံလိဂ်ရှုံးပွဲအပြီး ဘာစီလိုနာကို ပရိုဆန်စွာ ချီးကျူးစကားဆိုလိုက်တဲ့ ဆိုးလ်ရှား