ဆောက်သမ်တန်ကတော့ ရာသီကြိုပွဲ ခြေစမ်းပွဲတွေမှာ ရလဒ်တွေ တောက်လျှောက်ကောင်းခဲ့ပေမယ့် အဖွင့်ပွဲ မှာတော့ မထင်မှတ်ပဲ အဝေးကွင်းမှာ ဘန်လေကို (၃)ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။ ဆောက်သမ်တန်ဟာ အဝေးကွင်းမှာ ဘန်လေကို ခြေရည်တူ ကစားနိုင်ခဲ့ပေမယ့် မထင်မှတ်တဲ့ နောက်တန်း အမှားတွေကြောင့်သာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။ ဘန်လေနဲ့ ပွဲတုန်းက တိုက်စစ်ဖွင့်ကစားခဲ့ပေမယ့် ဒီပွဲမှာတော့ ခံစစ်ကို လုံအောင်ထိန်းပြီး တန်ပြန်တိုက်စစ်ကိုပဲ အားပြုသွားဖွယ် ရှိနေပါတယ်။

UEFA စူပါဖလားပွဲမှာ လီဗာပူးလ် အနိုင်ရခဲ့ပေမယ့် ပေးဆပ်မှုကတော့ ကြီးမားခဲ့ပါတယ်။ နံပါတ်တစ်ဂိုးသမား အယ်လစ်ဆန် ဒဏ်ရာကြောင့် နားနေရတဲ့ အချိန်မှာ မထင်မှတ်ပဲ လက်စွမ်းပြခဲ့တဲ့ အရန်ဂိုးသမား အက်ဒရီယန် ပါ ဒဏ်ရာရသွားတာ လီဗာပူးလ်အတွက် နစ်နာလွန်းလှပါတယ်။ ဗန်ဒိုက်ဦးဆောင်တဲ့ လီဗာပူးလ်နောက်တန်း ဟာ ဥရောပထိပ်တန်းအဆင့်မှာ ရှိပေမယ့် အသက်(၃၅)နှစ်ရှိပြီဖြစ်တဲ့ တတိယဂိုးသမား အန်ဒီလိုနာဂန်နဲ့ နား လည်ရှိရှိ ချိတ်ဆက်ကစားနိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာပါ။

SouthamptomFC.com
ဆောက်သမ်တန်

ဆောက်သမ်တန်ဟာ လီဗာပူးလ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ် နောက်ဆုံး(၄)ပွဲစလုံး ရှုံးနိမ့်ထားပြီး အဲ့ဒီ(၄) ပွဲမှာ ရဂိုး(၁)ဂိုးနဲ့ ပေးဂိုးက (၁၁)ဂိုးအထိ ရှိခဲ့ပါတယ်။

မနှစ်က ရလဒ်တွေပါ ထည့်တွက်မယ်ဆိုရင် ဆောက်သမ်တန်ဟာ ပရီးမီးယားလိဂ်နောက်ဆုံး(၆)ပွဲဆက် နိုင်ပွဲ ရှာမတွေ့ခဲ့ပဲ (၃)ပွဲသရေ၊ (၃)ပွဲရှုံးနိမ့်ထားပါတယ်။

ထူးခြားတာကတော့ ဆောက်သမ်တန် အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး(၁၄)ပွဲမှာ (၁၄)ပွဲစ လုံး တိုက်စစ်က ဂိုးသွင်းနိုင်ခဲ့သလို ခံစစ်ကလည်း ပွဲတိုင်းနီးပါး ပေးဂိုးတွေ ခွင့်ပြုခဲ့ရပြီး ဂိုးမပေးရတဲ့ပွဲ (၁)ပွဲသာ ရှိခဲ့ပါတယ်။

(AP Photo/Dave Thompson)
လီဗာပူးလ်

လီဗာပူးလ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီယားလိဂ်(၁၀)ပွဲမှာ တစ်ပွဲကို အနိမ့်ဆုံး(၂)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဆောက်သမ်တန်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ပွဲစုံ နောက်ဆုံး(၄)ပွဲမှာလည်း လီဗာပူးလ်ဟာ တစ်ပွဲကို အနိမ့်ဆုံး(၂)ဂိုး သွင်းယူ နိုင်ခဲ့ပါတယ်။

လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာဟာ ဆောက်သမ်တန်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်(၄)ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

(AP Photo/Dave Thompson)
သုံးသပ်ချက်

ဆောက်သမ်တန်မှာ အိမ်ကွင်းအားသာချက် ရှိတယ်ဆိုပေမယ့် အစဉ်အလာအရ၊ လက်ရှိခြေစွမ်း၊ ကစားသမား အင်အား ဘယ်အပိုင်းမှာမဆို လီဗာပူးလ်က အပြတ်အသတ် အသာရနေပါတယ်။ တစ်ခုစဉ်းစားရမှာက လီဗာ ပူးလ်ဟာ ကြားရက်မှာ မိနစ်(၁၂၀)အထိ UEFA စူပါဖလားပွဲကို ကစားခဲ့ရတာပါ။ နောက်တစ်ပတ် ကစားရမယ့် အိမ်ကွင်းပွဲစဉ်မှာလည်း အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပွဲစဉ်(၁)က ဂိုးပြတ်ရှုံးပွဲကြောင့် အိမ်ကွင်းမှာ အားထည့် ကစားလာမယ့် ဆောက်သမ်တန်ရဲ့ ရုန်းအားနဲ့ ပွဲဆက်များနေတာလို့ ကစားသမားတွေ ဒဏ်ရာ မရအောင် ထိန်းထိန်းသိမ်းသိမ်း ကစားနိုင်တဲ့ လီဗာပူးလ်ရဲ့ အနေအထားတွေကြောင့် အပြန်အလှန် သွင်းဂိုး တွေနဲ့ လီဗာပူးလ် ဂိုးမပြတ်ပဲ အနိုင်ရသွားမယ်လို့ သုံးသပ်မိပါတယ်။

Finn

READ  ဒီညယှဉ်ပြိုင်မဲ့ ယူရို-၂၀၂၀ ခြေစစ်ပွဲတွေထဲက ပွဲကြီးပွဲကောင်းတွေ