စီးရီးအေပွဲစဉ်(၅)ကိုတော့ မနေ့က(၂)ပွဲယှဉ်ပြိုင်ခဲ့ပြီး ဒီညမှာ နောက်ထပ် (၇)ပွဲကိုဆက်လက်ယှဉ်ပြိုင်မှာပါ။ ဒီညပွဲတွေမှာတော့ အင်တာ-လာဇီယိုပွဲအပါအဝင်၊ ရိုးမား၊ နာပိုလီ၊ ဖီအိုရင်တီးနား တို့လို အသင်းတွေ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

allfootball

ရိုးမား – အတ္တလန်တာ

liveonscore.com

လက်ရှိမှာတိုက်စစ်ခြေစွမ်းပြနေကြတဲ့ အသင်း(၂)သင်းတွေ့ဆုံပွဲဖြစ်တာကြောင့် ကြည့်ကောင်းမှာပါ။ (၂)ပွဲဆက်နိုင်ထားတဲ့ ရိုးမားက ခြေစွမ်းထက်နေပြီး တိုက်စစ်ကစားပုံကလည်း အတော်ကောင်းနေပါတယ်။ အတ္တလန်တာကလည်း ချန်ပီယံလိဂ်မှာရှုံးခဲ့ပေမဲ့ နောက်ဆုံးပွဲမှာ ဖီအိုရင်တီးနားကို သရေကစားပြီး ပြည်တွင်းမှာတော့ ဂိုးတွေသွင်းနေနိုင်ဆဲပါ။ ဒီပွဲမှာ ရိုးမားအတွက် စမောလင်း စကစားနိုင်ခြေရှိပြီး ဒီအချက်က ပွဲအဖြေကို တနည်းတဖုံသက်ရောက်နိုင်တာကို သတိပြုရမှာပါ။ ဇီကိုနဲ့ ဇာပါတာ တို့ ဂိုးတွေဆက်သွင်းနိုင်မလား စောင့်ကြည့်ရပါမယ်။ ရိုးမားကွင်းမှာတော့ အတ္တလန်တာတို့ သရေသာ အမြင့်ဆုံးမျှော်လင့်ရမှာပါ။
ဖြစ်နိုင်ဖွယ်ရလဒ်။        ။ ရိုးမား ၃-၂ အတ္တလန်တာ

SPAL – လက်ချီ

liveonscore.com

SPAL ရဲ့ခြေစွမ်းက အဝေးကွင်းမှာ စိတ်ပျက်ဖို့ကောင်းပေမဲ့ အိမ်ကွင်းမှာတော့ မာကျောပါတယ်။ ဒီရာသီမှာ အတ္တလန်တာကို ခြေရည်တူကစားပြီးမှ နောက်ကျဂိုးနဲ့ရှုံးခဲ့သလို၊ လာဇီယို လိုအသင်းကိုလည်း အနိုင်ကစားထားတာပါ။ လက်ချီကလည်း တန်းတက်အသင်းပီပီ ရာသီအစမှာ ရုန်းကစားနေပေမဲ့ ခြေစွမ်းက ထင်သလောက်မကောင်းသေးပါဘူး။ SPAL အိမ်ကွင်းမှာ အမှတ်ပြည့်ရသင့်ပါတယ်။
ဖြစ်နိုင်ဖွယ်ရလဒ်။        ။ SPAL ၂-၁ လက်ချီ

 

ဖီအိုရင်တီးနား – ဆမ်ဒိုးရီးယား

liveonscore.com

ခြေစွမ်းကောင်းပေမဲ့ အခုထိနိုင်ပွဲမရသေးတဲ့ ဖီအိုရင်တီးနား ကံဆိုးနေတယ်လို့ ပြောရမလိုပါပဲ။ နောက်ဆုံးပွဲမှာ အတ္တလန်တာကို အနိုင်ရမလိုဖြစ်နေပြီးကာမှ နောက်ကျဂိုးနဲ့ အမှတ်ပြန်ခွဲပေးလိုက်ရပြန်ပါတယ်။ ဒါပေမဲ့ ရီဘာရီ ဂိုးသွင်းနိုင်ခဲ့တာက ကောင်းတဲ့အချက်လို့ ဆိုရမှာဖြစ်ပြီး အခု အိမ်ကွင်းမှာတော့ ဒီရာသီအတွက် ပထမဆုံးနိုင်ပွဲရဖို့ ကြိုးစားကြပါလိမ့်မယ်။ ဆမ်ဒိုးရီးယားကလည်း နောက်ဆုံးပွဲမှာ အနိုင်ရခဲ့လို့ (၃)ပွဲဆက်ရှုံးပွဲကို ရပ်တန့်နိုင်ခဲ့ပြီဖြစ်ပေမဲ့ ဒီပွဲမှာတော့ ဖီအိုရင်တီးနားရဲ့ ရုန်းအားကို တောင့်ခံနိုင်ဖို့ မလွယ်ပါဘူး။
ဖြစ်နိုင်ဖွယ်ရလဒ်။        ။ ဖီအိုရင်တီးနား ၂-၀ ဆမ်ဒိုးရီးယား

ဂျီနိုအာ – ဘိုလော့ဂ်နာ

liveonscore.com

တိုက်စစ်ကောင်းသလောက် ခံစစ်ပေါက်နေတဲ့အသင်း(၂)သင်းတွေ့တဲ့ပွဲလို့ ဆိုရမလိုပါပဲ။ ဂျီနိုအာရော၊ ဘိုလော့ဂ်နာပါ ကစားပြီးတဲ့(၄)ပွဲစလုံးမှာ ဂိုးတွေသွင်းနိုင်ခဲ့လို့ ဒီပွဲမှာလည်း (၂)သင်း ပေါင်းသွင်းဂိုးတွေ တွေ့ရဦးလို့ ထင်စရာပါပဲ။ ဒါပေမဲ့ ဒီလိုပွဲမျိုးမှာ နည်းပြတွေက ခံစစ်ကို အားပြုတတ်လို့ ပြောင်းပြန်လည်းဖြစ်သွားတတ်ပါသေးတယ်။ လက်ရှိခြေစွမ်းတွေအရ (၂)သင်းစလုံးက မတိမ်းမယိမ်းဖြစ်နေတာမလို့ သရေကျဖို့များတဲ့ပွဲပါပဲ။
ဖြစ်နိုင်ဖွယ်ရလဒ်။        ။ ဂျီနိုအာ ၂-၂ ဘိုလော့ဂ်နာ

ပါးမား – ဆက်ဆူအိုလို

liveonscore.com

ပုံမှန်အားဖြင့် အိမ်ကွင်းမှာကစားရမဲ့ ပါးမား အသာရမဲ့ပွဲလို့ဆိုနိုင်ပေမဲ့ လက်ရှိမှာ ပါးမားက ဖန်တီးနိုင်စွမ်းနည်းပါးနေပြီး ဆက်ဆူအိုလိုကတော့ ဖန်တီးနိုင်စွမ်း အတော်ကောင်းတဲ့အသင်းပါ။ နောက်ဆုံး(၂)ပွဲဆက် ရှုံးထားတဲ့ ပါးမားအနေနဲ့ ဒီပွဲမှာ အမှတ်ပြန်ရှာရမှာဖြစ်ပေမဲ့ ပွဲတိုင်းဂိုးသွင်းထားတဲ့ ဆက်ဆူအိုလိုတိုက်စစ်ကို အဓိကထိန်းချုပ်ဖို့ ခံစစ်ပဲကစားဖို့များနေပါတယ်။ ဆက်ဆူအိုလိုကလည်း အဝေးကွင်းမှာ ထင်သလောက်ခြေစွမ်းမပြနိုင်တတ်ပေမဲ့ ဘီရာဒီနဲ့ ကာပူတို တိုက်စစ်အတွဲက ဂိုးရဦးမှာပါ။ ဆက်ဆူအိုလိုတို့ အနည်းဆုံး သရေတော့ ကစားနိုင်ပါလိမ့်မယ်။
ဖြစ်နိုင်ဖွယ်ရလဒ်။        ။ ပါးမား ၁-၃ ဆက်ဆူအိုလို

နာပိုလီ – ကာဂလီယာရီ

liveonscore.com

နာပိုလီကတော့ လက်ရှိစီးရီးအေမှာ တိုက်စစ်အထက်မြက်ဆုံးအသင်းလို့ဆိုရမှာဖြစ်ပြီး (၄)ပွဲကစားအပြီး သွင်းဂိုး(၁၃)ဂိုးတောင် ရထားပါတယ်။ ဝါရင့်တိုက်စစ်မှူး လော်ရန်တေးကလည်း ဂိုးတွေသွင်းနေတာကြောင့် တိုက်စစ်က ဂိုးတွေရဦးမှာပါ။ ကာဂလီယာရီကလည်း နောက်ဆုံး(၂)ပွဲဆက်အနိုင်ရထားပြီး (၂)ပွဲမှာ (၆)ဂိုးတောင်သွင်းထားတာပါ။ ဒါပေမဲ့ စီးရီးအေချန်ပီယံအတွက် အဓိကအားစိုက်နေတဲ့ နာပိုလီကို အဝေးကွင်းမှာ အမှတ်ရအောင်ကစားဖို့က ထင်တာထက်ပိုခက်ပါလိမ့်မယ်။ ဂျူဗင်တပ်စ်အနိုင်ရထားချိန်၊ အင်တာပွဲကျပ်နေချိန်မှာ နာပိုလီ အမှတ်လျော့ခံမယ်မထင်ပါဘူး။
ဖြစ်နိုင်ဖွယ်ရလဒ်။        ။ နာပိုလီ ၂-၀ ကာဂလီယာရီ

အင်တာမီလန် – လာဇီယို

မြို့ခံပြိုင်ဘက် အေစီမီလန်ကို အနိုင်ယူပြီး (၄)ပွဲဆက်နိုင်ပွဲရထားတဲ့ အင်တာမီလန်ကို လာဇီယိုတို့ ရပ်တန့်နိုင်မလား စိတ်ဝင်စားစရာပါ။ လက်ရှိအချိန်မှာ အင်တာမီလန်အသင်းဟာ ရှေ့၊ လယ်၊ နောက် ခြေစွမ်းပြနေတဲ့အသင်းဖြစ်နေပြီး ဒီနှစ်စီးရီးအေမှာ ချန်ပီယံဆုကိုပါမျှော်လင့်နေနိုင်တဲ့အသင်းပါ။ ဒါပေမဲ့ လာဇီယိုရဲ့လက်ရှိခြေစွမ်းကလည်း အင်တာမီလန်ကို ဒုက္ခတွေ့အောင် ကစားနိုင်ပါတယ်။ အင်တာမီလန်ကို နောက်ဆုံးအဝေးကွင်း (၃)ပွဲဆက် ဂိုးမပေးရအောင်ကစားထားနိုင်တဲ့ လာဇီယိုအသင်းအနေနဲ့ ဒီပွဲမှာ ဂိုးပေးရမှာတော့ သေချာပေမဲ့ တိုက်စစ်ကလည်း အင်တာအသင်းကို ခြိမ်းခြောက်နိုင်စွမ်းရှိပါတယ်။ အင်တာတို့ ခက်ခက်ခဲခဲကစားရဖို့များပါတယ်။
ဖြစ်နိုင်ဖွယ်ရလဒ်။        ။ အင်တာမီလန် ၂-၁ လာဇီယို

Yan Oo

READ  အိုးထရက်ဖို့ဒ်မှာ ပဲလေ့စ်ကို ဂိုးပြတ်အနိုင်ယူဖို့ သေချာနေတဲ့ မန်ယူ