အာဆင်နယ်အသင်းကနေ နာပိုလီအသင်းကို အငှားသွားရောက်ကစားခဲ့တဲ့ ဂိုးသမား အော့စ်ပင်နာ ကတော့ မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ ဆိုးရွားတဲ့ မတော်တဆ ဖြစ်ရပ်တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

နာပိုလီအသင်းနဲ့ အူဒီးနီးစ်အသင်းတို့ ပွဲစဉ်မှာ အော့စ်ပင်နာ ဟာ ပွဲအစ (၅)မိနစ်မှာတင် အူဒီးနီးစ် တိုက်စစ်ကစားသမားရဲ့ ဒူးခေါင်းနဲ့ သူ့ရဲ့ခေါင်းကို တိုက်မိခဲ့တာဖြစ်ပြီး ဦးခေါင်းကို ပတ်တီးစီးကာ ဆက်လက် ကစားခဲ့တာပါ။

အဲဒီနောက် ပွဲချိန် မိနစ် (၄၀) အရောက်မှာတော့ နေရာမှာတင် လဲကျသွားခဲ့ပြီး သတိမေ့သွားခဲ့တဲ့အတွက် ဆေးရုံကို အမြန်တင်ပို့ခဲ့ရပါတယ်။

အခြေအနေက စိုးရိမ်စရာဖြစ်ခဲ့ပြီး နာပိုလီအသင်းဆေးအဖွဲ့ဟာ အော့စ်ပင်နာရဲ့ လှုပ်ရှားမှု မရှိတော့တဲ့ ပုံစံအောက်မှာ ပြာပြာသလဲ ဖြစ်ခဲ့ကြရတာပါ။

ဆေးအဖွဲ့က ချက်ချင်းပဲ အော့စ်ပင်နာကို အောက်ဆီဂျင်အကူအညီတွေပေးပြီးတဲ့နောက် ကားနဲ့တင်ပြီး ကွင်းအပြင်ကို သယ်ထုတ်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပြီး ကစားသမားရဲ့ အနေအထားဟာ စိုးရိမ်ရကြောင်း အသင်းကနေ ထုတ်ပြန်ထားပါတယ်။

အော့စ်ပင်နာအနေနဲ့ ဆေးရုံရောက်ပြီး နာရီအနည်းငယ်ကြာတဲ့အထိ သတိမရခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ သတိပြန်လည်ရရှိလာပြီဖြစ်ပြီး ဆေးရုံအနေနဲ့ စောင့်ကြည့်နေရဆဲဖြစ်ကြောင်းနဲ့ ဒဏ်ရာအခြေအနေကို မပြောနိုင်သေးကြောင်း နာပိုလီအသင်းက နောက်ဆုံးရသတင်းအဖြစ် ထုတ်ပြန်ထားခဲ့ပါတယ်။

AFP

ပရိသတ်တွေကတော့ အော့စ်ပင်နာအတွက် ဆုတောင်းမှုတွေ ပြုလုပ်ပေးနေကြပြီး တွစ်တာပေါ်မှာ အော့စ်ပင်နာတစ်ယောက် အမြန်ဆုံး ပြန်လည်သက်သာလာဖို့ မျှော်လင့်ကြောင်း ရေးသားသွားခဲ့ကြပါတယ်။

Linn

Source : TheSun

READ  အင်တာမီလန်ကို အိမ်ကွင်းမှာ အနိုင်ယူဦးမယ့် ဂျူဗင်တပ်စ်