ဘောလုံးရာသီတစ်ခု ကုန်ဆုံးဖို့ နီးကပ်လာသည်နှင့်အမျှ အသင်းတွေ လုံးဝခြေချော် အမှားခံလို့မရတော့တဲ့ အနေအထားကို ရောက်လို့လာပါပြီ။ လီဗာပူးဆိုရင် အခုအပတ်မှာ ချယ်လ်ဆီးကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး၊ အနိုင်ရမှသာ ချန်ပီယံလမ်းကြောင်းအတွက် ဆက်ပြီးမျှော်လင့်နိုင်မှာပါ။ ဒါပေမယ့် ချယ်လ်ဆီးဘက်က ကြည့်ရင်လည်း နောက်ပိုင်းပွဲတွေ နိုင်ထားမှသာလျှင် ချန်ပီယံလိဂ်အတွက် ဆက်လက် အသက်ဝင်နေမှာ ဖြစ်ပါတယ်။

ပွဲတွေပြီးဖို့ နီးကပ်လာသည်နှင့်အမျှ ချယ်လ်ဆီး၊ စပါး၊ အာဆင်နယ်၊ မန်ယူတို့ဟာ အမှတ်တွေ မတိမ်းမယိမ်းမှာ ရှိနေကြပြီး ချန်ပီယံလိဂ်တစ်နေရာရဖို့တိုက်ပွဲကလည်း ပိုပြီး မြိုင်ဆိုင်လာပါတယ်။ ဒါကြောင့် အခုနောက်ပိုင်း ပွဲစဉ်တွေဟာ မြင်ကောင်းတွေ ပန်းဝင်နိုင်ပြီး၊ ခွာလိပ် မှောက်ရက်လဲနိုင်တာကိုလည်း သတိထားကြရဖို့ ရှိနေပါတယ်။

Liverpool FC

အခု ဖော်ပြထားတဲ့ ပရီးမီးယားလိဂ် ခန့်မှန်းချက်တွေကတော့ ဝါရင့်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ရဲ့ ပွဲကြိုခန့်မှန်းချက်များဖြစ်ပြီး၊ အသင်းတွေရဲ့ လက်ရှိခြေစွမ်းနဲ့စွမ်းဆောင်ရည်၊ အိမ်ကွင်းအဝေးကွင်း မှတ်တမ်း စတဲ့အချက်တွေကို အခြေခံပြီး ခန့်မှန်းထားတဲ့ ခန့်မှန်းချက်တွေပါ။

မိုက်ကယ်ရဲ့အမြင်အရတော့ အခုတစ်ပတ်မှာလည်း အာဆင်နယ်တို့ ရလဒ်မကောင်းနိုင်ဘူးလို့ ခန့်မှန်းထားပြီး၊ ချယ်လ်ဆီးကလည်း လီဗာပူးကွင်းမှာ အိမ်ရှင်ကို အသာရဖို့မရှိဘဲ ပြတ်ပြတ်သားသား အရေးနိမ့်ဖွယ် ရှိနေတယ်လို့ ဆိုထားပါတယ်။

YouTube

မန်စီးတီး၊ မန်ယူ၊ စပါး၊ အဲဗာတန်တို့ကတော့ သက်ဆိုင်ရာအသင်းတွေကို ပြတ်ပြတ်သားသား အနိုင်ရဖို့ ရှိနေပြီး၊ ဇယားအောက်ဆုံးမှာရှိနေတဲ့ ကာဒစ်၊ ဖူဟမ်၊ ဟက်ဒါဖီးတို့လည်း အခြေအနေမကောင်းနိုင်ဘဲ၊ ဖိအားတွေ တိုးလာနိုင်တဲ့ ရက်သတ္တပတ်ပါ။ မိုက်ကယ်ရဲ့ ခန့်မှန်းချက်တွေကို လေ့လာကြည့်ပါဦး။

ယှဉ်ပြိုင်မည့်အသင်းများ ဖြစ်နိုင်ဖွယ်ရလဒ်

စပါး VS ဟက်ဒါဖီး 3-0

ဘရိုက်တန် VS ဘုန်းမောက် 1-0

ဘန်လေ VS ကာဒစ်ဖ် 2-1

ဖူဟမ် VS အဲဗာတန် 1-3

ဆောက်သမ်တန် VS ဝုဖ် 1-1

မန်ယူ VS ဝက်စ်ဟမ်း 3-1

ခရစ္စတယ်ပဲလေ့စ် VS မန်စီးတီး 1-3

လီဗာပူး VS ချယ်လ်ဆီး 2-0

ဝက်ဖို့ VS အာဆင်နယ် 2-1

 

လင်းသုတ (SportAhtar)

Source : metro.co.uk

READ  ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်းရှိကြောင်း အီဒင်ဟာဇက်ကြုံးဝါး