မကြာသေးခင်ကပဲ ချန်ပီယံလိဂ်ရဲ့ အရေးပါဆုံးပွဲစဉ်တွေဖြစ်တဲ့ ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေကို ယှဉ်ပြိုင် ကစားခဲ့ပြီးပါပြီ။ အသင်းတစ်ချို့ကတော့ နောက်တစ်ဆင့်အတွက် အခြေအနေတွေ ကောင်းသွားခဲ့ပြီဖြစ်သလို၊ တစ်ချို့ကလည်း နောက်တစ်ဆင့်မှာ ရုန်းကန်ရဖို့ ရှိနေပါတယ်။

ဒါပေမယ့် ဝါရင့်နည်းပြကြီး မော်ရင်ဟိုကတော့ သူ့အမြင်အရ အသင်းတစ်ချို့ နောက်တစ်ဆင့်အတွက် အခြေအနေ ကောင်းသွားတာ မှန်သော်လည်း၊ ဒါဟာ ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် မဟုတ်သေးတဲ့အတွက် အသင်းတိုင်းမှာ အခွင့်အရေးတွေ ကိုယ်စီရှိနေသေးတယ်လို့ သူက ပြောပါတယ်။

AP Photo/Martin Meissner

မော်ရင်ဟိုက “ ကျွန်တော့်ကိုယ်ကျွန်တော် ကြိုတင်ပြီး ကာထားချင်ပါတယ် … ဒါကတော့ ကျွန်တော့်အမြင်ပေါ့နော် … အသင်းတိုင်းမှာ အခွင့်ရေးတွေ ရှိနေပါတယ် … ဘယ်အသင်းမှာ ဒုတိယအကြော့ မကစားသေးခင်မှာ “ငါတို့တော့ လုပ်နိုင်ခဲ့ပြီ … ငါတို့တော့ တစ်ဆင့် အောင်သွားပြီ”လို့ ပြောလို့မရသလို၊ “အခွင့်အရေး မရှိတော့ပါဘူးကွာ”လို့ ပြောလို့လည်း မရသေးပါဘူး ”လို့ Russia Today သတင်းစာနဲ့ တွေ့ဆုံစဉ် ပြောခဲ့ပါတယ်။

YouTube

ဒါပေမယ့် အခုအခြေအနေအရတော့ ဂျုဗင်တပ်နဲ့၊ ဘာစီလိုနာတို့သာ ပြိုင်ပွဲမှာ ဆန်ကာတင်ကျန်ရစ်မယ်လို့ သူက ထင်မြင်မိတယ်လို့ ပြောပါတယ်။ မော်ရင်ဟိုက “ ဒါပေမယ့် ပြောရရင်တော့ ဘာစီနဲ့ ဂျူဗင်က နည်းနည်းလေး နှာတစ်ဖျား သာနေတယ် … ဂျူဗင်ဆိုရင် သရေကျပေမယ့် သူတို့ အိမ်ကွင်းမှာ ကစားရဦးမှာကို ထည့်တွက်ရမှာ … ဘာစီဆိုရင် ပထမအကျော့မှာ အဝေးဂိုးရယူပြီး အိမ်ကွင်းမှာ ကန်ရမှာ”လို့ ပြောခဲ့ပါတယ်။

AP Photo/Jon Super

သူက ဆက်လက်ပြီး ဆီမီးဖိုင်နယ်ဆိုတာ ဆီမီးဖိုင်နယ်သာဖြစ်ပြီး မန်ယူ-ဘာစီက နိုင်တဲ့အသင်းကလည်း ပေါ်တို-လီဗာပူး တစ်သင်းသင်းနဲ့ ရင်ဆိုင်ရမှာက ပိုပြီး ခက်ခဲစေမှာဖြစ်ကြောင်း၊ စပါး-မန်စီးတီ တစ်သင်းသင်း ဆီမီးဖိုင်နယ် ရောက်မှာဆိုပေမယ့် ဂျူဗင်-အေဂျက်နဲ့ ရင်ဆိုင်ရတဲ့အခါ မလွယ်နိုင်ဘူးလို့ ဆိုပါတယ်။ ဒီလို အခြေအနေမျိုးမှာ အသင်းတိုင်း (၁၂.၅)%ဆီ အခွင့်အရေးရှိနေဆဲလို့ ဆိုပါတယ်။ (နောက်တစ်ဆင့်အတွက်လည်း အသင်း(၄)သင်းမှာ တစ်သင်းလျှင် (၁၂.၅)%စီ အခွင့်အရေးတွေ ရှိတယ်လို့ သူက ဆိုလိုပုံရပါတယ်။)

 

လင်းသုတ (SportAhtar)

Source : metro.co.uk

READ  မိုက်ကယ်အိုဝင် ခန့်မှန်းထားတဲ့ ယခုတစ်ပတ် EPL ပွဲကြိုခန့်မှန်းချက်များ