မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကတော့ ခရိုးအေးရှားနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားဖိုင်နယ်ပွဲစဉ်မှာ ဝတ်ဆင်ကစားခဲ့တဲ့ ဖိနပ်ကို လေလံတင်ရောင်းချမှာဖြစ်ကြောင်း သိရပါတယ်။ ရည်ရွယ်ချက်ကတော့ ပဲရစ်တစ်ခွင်မှာရှိနေတဲ့ ကလေးတွေအတွက် ရံပုံငွေဖြစ်ကြောင်း သိရပါတယ်။

ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားဖိုင်နယ်မှာ ခရိုအေးရှားအသင်းကို (၄-၂)ရလဒ်နဲ့ အနိုင်ယူပြီးနောက် ကာလအတော်ကြာ ဝေးကွာနေတဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆုကြီးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ ပေါ့ဂ်ဘာကိုယ်တိုင် တစ်ဂိုးသွင်းယူခဲ့ပြီး နိုင်ငံဂုဏ်ကို ဆောင်နိုင်ခဲ့ပါတယ်။

YouTube

ပေါ့ဂ်ဘာဟာ သူ့ရဲ့ဖိနပ်တွေကို Christie’s Paris လေလံမှာ ရောင်းချဖို့ပြင်ဆင်နေပြီး၊ ကြမ်းခင်းဈေးမှာ ပေါင် (၂၅၀၀၀)လို့ သိရပါတယ်။ အမြင့်ဆုံးအနေနဲ့ ပေါင် (၄၃၀၀၀)အထိ ရောင်းချနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ရရှိလာတဲ့ ငွေကြေးတွေကို Les Etoiles de la Source ပရဟိတအသင်းကို လှူဒါန်းမှာ ဖြစ်ပြီး-

အဲဒီအသင်းမှာ သူကိုယ်တိုင်က ဂုဏ်ထူးဆောင်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသလို၊ ဖိနပ်များအပြင်၊ ဘောလုံးဂျာစီ (၆)ထည်၊ ချန်ပီယံလိဂ်ဘောလုံးတစ်လုံး စသည်တို့ကိုပါ လက်မှတ်ထိုးပြီး လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ သူကိုယ်တိုင်ကလည်း ခက်ခဲတဲ့ကလေးဘဝကို ဖြတ်သန်းလာသူဖြစ်လို့၊ ကလေးတွေကို ကိုယ်ချင်းစာတယ်လို့လည်း ပေါ့ဂ်ဘာက ပြောခဲ့ပါတယ်။

Fashion Behind The Scene

လင်းဇော်ကို (SportAhtar)

Source : thesun.co.uk

READ  မော်ရင်ဟိုခန့်မှန်းလိုက်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အလားအလာအကောင်းဆုံး အသင်းများ